ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ငဝန်မြစ်တို့ သည် မြစ်ရေများ မြင့်တက်နေသည့်အတွက် စိုးရိမ်ရေမှတ်သို့ရောက်ရှိနေသောမြို့များနှင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှကြေညာချက်ထုတ်ပြန်လိုက်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်၌ ချင်းတွင်းမြစ် ရေကြီးရေလျှံ မှုကြောင့် ဇူလိုင် ၁၁ ရက်အထိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံမျိုးစုံ ၅၉၅ ဧက ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း မြို့နယ် စိုက်ပျိုးမှု ကြီးကြပ်ရေး အဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကြောတစ်လျှောက် ၌ မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေသည့်အတွက် ကုန်တင်နှင့် လူစီးရေယာဉ်များကို ဇူလိုင် ၈ ရက် မှ၁၂ ရက်အထိ သွားလာခွင့် ပိတ်ထားရာမှ ဇူလိုင် ၁၆ ရက်အထိ ၄ ရက် ထပ်မံတိုးမြှင့်ကာ...
ရန်ကုန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေ မြင့်တက်နေသည့် အတွက် ကသာမြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာ မြို့နယ် များအတွင်း၌ ဇူလိုင် ၂ ရက်မှ ၉ ရက် အတွင်း ရေကြီးရေလျှံမှု များကြောင့် အိမ်ခြေ ၂၄ လုံး...
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်အုပ်စု ထောက်ကြန့်မွေးမြူရေး မှတ်တိုင်အနီး ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုကြောင့် YBS-၅၅ယာဉ်လိုင်းတစ်လိုင်းလုံးကို ဖျက်သိမ်းလိုက်ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည် ဇူလိုင် ၁၀ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန် တိုင်းထွာချက်များအရ ခန္တီးမြို့ တွင် ၄ ပေခန့်၊ ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တို့တွင် ၂ ပေခန့်စီ၊ မော်လိုက်မြို့ တွင် ၅ ပေခွဲခန့်၊...
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) UNDP နှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်မည့် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ် ကာကွယ်ရေး စီမံကိန်းများ အတွက် ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ရှစ်သိန်း ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် ရေသည် ဇူလိုင်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း မြင့်တက်နိုင်မှု အခြေအနေအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) ရန်ကုန်-ပြည်လမ်းမကြီး၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ဘိုးဘိုးကြီး နတ်နန်း အဟောင်းအရှေ့တွင် YBS 37 နှင့် YBS 55 ယာဉ် နှစ်စီးသည် ယနေ့ဇူလိုင် ၇ ရက် မွန်းလွဲပိုင်း အချိန်တွင် မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့ရာ...