ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တွင် ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားကမ်းခြေသို့ ရွေ့လျားဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ) အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည်ဆက်လက်တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်(ရန်ကုန်)ရှိ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၈ နာရီ၌ တရုတ် နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်...
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) စက်တင်ဘာလ ၄ ရက် နေ့လည် (၁၂း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ) မကြာခင်က ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ်ကြောင့် နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်မှု မရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ ယနေ့ စက်တင်ဘာလ ၃ ရက်တွင်...
ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ) စက်တင်ဘာ ၁ ရက်မှ ၄ ရက်အထိ ကာလအတွင်း တွင် ရန်ကုန်မြစ်အတွင်း အခြေခံရေစစ်မျဉ်း အထက်အမြင့်ပေ ၂ဝ.၁၁ ပေခန့်မှ ၂ဝ.၅၃ ပေခန့်အထိ သာမန်ထက် ထူးကဲဒီရေတက်ဖွယ်ရှိ ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ငလျင်ကြောင့် ပြိုကျခဲ့သော ပုဂံဘုရားများ ပြုပြင်ရန် ပြည်သူ့လွှတ်တော်က ကျပ်သိန်း ၁၅၀ လှူဒါန်းမည်ဟု ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။
ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ် ၂၉ ရက် နံနက်ပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ပေါ် ပြိုကျ၍ နေအိမ်ရှိ လူ ၁ ဦး သေဆုံးကာ ၁...
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ယနေ့နံနက် ၈နာရီတွင် ပခုက္ကူမြို့နယ်ရှိ ကမ္မမြို့ အမှတ် (၂) ရပ်ကွက်နေ ဦးမျိုးဝင်း(ဘ)ဦးထွန်းရွှေ နေထိုင်သော ခြံဝင်းအတွင်း ကျောက်ခွက်-လက်ပံတိုရေနံမြေမှ အရာတော် ရေနံမြေသို့ သွယ်တန်းပို့လွှတ်သော ရေနံပိုက်လိုင်းမှ ရေနံများပေါက်ထွက်ခဲ့ကြောင်း ထိခိုက်မှုတစုံတရာ မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) ရွှေဘိုမြို့၌ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းရာ မြို့ပေါ်ရှိ ရပ်ကွက်အားလုံး ရေလွှမ်းမိုးသွားကြောင်း၊ အချို့သော မြေနိမ့်ပိုင်းရပ်ကွက် အချို့တွင် ဒူးခေါင်း၊ ပေါင်လယ်ခန့်အထိ နစ်မြုပ်သွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။