Connect with us

Environment, Disasters & Accidents

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာ အုပ်စု အတွင်း၌ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်များ ရွှေ့ပြောင်း

တနသာၤရီၿမဳိ့ နယ်အတွင်း လူနေအိမ်များ ရေနစ်မြုပ်မှုများအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာ အုပ်စုအတွင်း ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇန်နဝါရီ ၁ဝရက်နေ့ ညနေပိုင်းမှစတင်ကာ ရေနစ်မြုပ် ခဲ့သော ချောင်းလမုရွာမှ လူနေအိမ် ၅၇ လုံး ပြောင်းရွှေ့နေထိုင်နေရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းလမုရွာမှ လူနေအိမ် ၅၇ လုံးမှ အိမ်ထောင်စု ၅၇ စုတို့ရှိ လူဦးရေကျား ၁၆ဝ ဦး၊ မ ၁၃၈ ဦး စုစုပေါင်း ၂၉၈ ဦး တို့အား ချောင်းလမုကျေးရွာ ဓမ္မရက္ခိတ ဘုန်းတော်ကြီး ကျောင်းသို့ ပြောင်းရွှေ့ နေရာချထားပေးကြောင်း သိရသည်။

ထို့အတူ သိန်းခွန်းကျေးရွာအုပ်စု- တာပလပ်ကျေးရွာမှ လူနေအိမ် ၇ လုံးတွင်လည်း ရေများဝင်ရောက်နေ သော်လည်း ၎င်းနေအိမ်(၇)လုံးမှ လူဦးရေ ကျား ၁၆ ဦးနှင့် မ ၁၂ ဦး စုစုပေါင်း ၂၈ ဦးတို့သည် ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု မောတောင်ဒေသ အမှတ်(၉)ကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ရုတ်တရက်ကြီးမြင့်လာသဖြင့် လူနေတဲအိမ် ရှစ်လုံး ရေနစ်မြုပ် ခဲ့ကာ လူနေတဲအိမ်သုံးလုံးရေစီးထဲသို့ မျောပါ ဆုံးရှုံးခဲ့ပြီး ရေနစ်မြုပ် အိမ်ထောင်စုများ နီးစပ်ရာဘုန်းတော်ကြီးကျောင်း များသို့ ပြောင်းရွှေ့နေထိုင်ကြပြီး လူနှင့်တိရစ္ဆာန်များ ဒဏ်ရာ ရသေဆုံးမှုမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.