Connect with us

Environment, Disasters & Accidents

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုတွင် အများဆုံး ကိုယ်ပိုင်ယာဉ်များဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထုတ်ပြန်

၂၀၁၆ ခုနှစ်တွင် ယာဉ်မတော်တဆဖြစ်ပွားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှု ဖြစ်စဉ် များတွင် အများဆုံး ကိုယ်ပိုင်ယာဉ်၊ ဒုတိယအများဆုံး Light Truck ယာဉ်၊ တတိယအများဆုံးမှာ အမြန်လမ်းတွင် စီးနင်းခွင့် မပြု(မပြု)ထားသော ဆိုင်ကယ်များ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ယာဉ်မတော်တဆမှုများသည် လူကြောင့်၊ လမ်းကြောင့်၊ ယာဉ်ကြောင့်၊ ရာသီဥတုကြောင့် များအပြင် မမျှော်မှန်းနိုင်သော အခြေအနေအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သော်လည်း လူကြောင့်ဖြစ်ပွားမှုများသည် ရာခိုင်နှုန်းများကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယာဉ်မတော်တဆမှု တတိယအများဆုံး မော်တော်ဆိုင်ကယ် နှင့်ပတ်သက်၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၂၀၀၅ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လတွင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး (၄)ခု၊ ခရိုင် (၉)ခရိုင်၊ မြို့နယ် (၁၆)မြို့နယ်နှင့် လမ်းဘေးဝဲယာ ကျေးရွာပေါင်း(၁၅၆)ရွာ ပါဝင်နေခြင်း၊ ခရိုင်ကျေးရွာချင်းဆက်လမ်းများ မဖောက်လုပ်နိုင်သေးခြင်း၊ မော်တော်ဆိုင်ကယ် လမ်းများ သီးခြားမဖောက်လုပ်နိုင်ခြင်းများကြောင့် မော်တော်ဆိုင်ကယ်များသည် ယာဉ်မတော်တဆမှု တတိယအများဆုံး ဖြစ်ရခြင်းဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် သုံးသပ်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ Safety Inspection Unit အနေနှင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနဲ့ ယာဉ်မတော်မတော်တဆ ဖြစ်ပွားမှု လျှော့နည်းစေရေးအတွက် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် သတင်းထုတ်ပြန်တင်ပြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.