ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ် အဆင့်သို့ရောက်ရှိပြီး မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုလဲ-ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်(၇၆/၃-၄)ကြား၌ နိုဝင်ဘာ ၃ရက် နေ့လည်ပိုင်းက ယာဉ်တိမ်းမှောက်မှုကြောင့် လူ၂ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့၌ ပစ္စည်းသယ် ကရိန်းယာဉ် တစ်စီးသည် ယနေ့နိုဝင်ဘာ ၃ ရက် နေ့လည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အမြန်လမ်းမကြီး တစ်လျောက် ယခု အောက်တိုဘာ ၂၇ ရက်အထိ ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၅ ဦး ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်သော အချက်အလက် အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် အောက်တိုဘာ ၃၀ ရက် ည ၁၁ နာရီခွဲအချိန်က ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ ထို့အပြင် ဗီယက်နမ်ကမ်းခြေအရှေ့ဘက်လောက်မှာ မုန်တိုင်းတစ်ခု ဖြစ်နေပြီး အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ဘက်တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကိုပြောသည်။
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် ရွာငံကြားမိုင်တိုင် အမှတ် ၂၈မိုင်၃ဖာလုံ တုတ်ထိုးရေရွာအုပ်စု ယုန်တောင်ကျေးရွာအပိုင်တွင် အောက်တိုဘာ ၂၈ ရက် ည ၇နာရီကျော်က ဘုရားဖူးလာရောက်သော light truckယာဉ် တစ်စီး ချောက်အတွင်းပြုတ်ကျခဲ့ရာမှ လူ ၁၆...
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်-၂၀/၄ -၂၀/၅ ကြားတွင်နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ မောင်းနှင်လာသော Alphard ယာဉ်သည် ယနေ့ နံနက် ၆နာရီခွဲတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် လူ ၄ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံမှ...
ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေမှ သဲဖြူကျွန်းသို့ မောင်းနှင်သွားသော အပျော်စီးရေယာဉ်မှ ငါးဖမ်းရေယာဉ်အား ဝင်ရောက် တိုက်မိမှု ဖြစ်ပွားခဲ့မှုကြောင့် ဒဏ်ရာ ရရှိသူများ အနက် တစ်ဦးမှာ သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ...