Connect with us

Environment, Disasters & Accidents

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အနက်(၂၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။ 

အဆိုပါငလျင်သည် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၀၆)မိနစ်၊ (၁၁)စက္ကန့်အချိန်တွင် သရက်မြို့၏ အနောက်တောင်ဘက်(၁၆)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၁၉.၁၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၉၈)ဒီဂရီ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း မိုးဇလ ၏ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)