Connect with us

Environment, Disasters & Accidents

ရွှေပြည်သာမြို့နယ်၌ မီးလောင်မှုကြောင့် အိမ်ခြေ ၂၄၀ ကျော် ဆုံးရှုံးကာ လူ ၄ ဦး ဒဏ်ရာရရှိ

ရွှေပြည်သာမြို့နယ်ရှိ မီးလောင်နေသော နေရာအား မီးငြှိမ်းသတ်နေစဉ်(မီးသတ်ဦးစီးဌာန)

ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက် ဆိပ်ကမ်းသာလမ်းတွင် ယနေ့ နေ့လည် ၁၂ နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၄၀ ကျော် ဆုံးရှုံးကာ လူ ၄ ဦး ထိခိုက်ဒ ဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။

” အရပ်သား ၃ ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး ထိခိုက်ဒဏ်ရာရတယ်၊ အိမ်ခြေက ၂၄၂လုံးပါသွားတယ်၊ ဆုံးရှုံးမှု တန်ဖိုးကတော့ တွက်နေတုံး၊ ပျောက်ဆုံးကလေးရှိတယ်ဆိုတာ ကျွန်တော်တို့ဆီ ဘာသတင်းမှ မဝင်သေးပါဘူး”ဟု ၎င်းက ဆိုသည်။

မီးလောင်မှုကြောင့် အိမ်ခြေဆုံးရှုံးသူများအတွက် ရွှေပြည်သာမြို့နယ်အတွင်း ဒုက္ခသည်စခန်း ၃ နေရာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ မီးလောင်နေသော နေရာအား မီးငြှိမ်းသတ်နေစဉ်(မီးသတ်ဦးစီးဌာန)

“ကျူးကျော်တစ်အိမ်က မီးစလောင်ပြီး ဘေးက အိမ်တွေပါ မီးကူးကုန်တာ၊ သွပ်မိုး ထရံကာအိမ်တွေဆိုတော့ မီးကူးလွယ်တာပေါ့”ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်ပြီး မီးလောင်မှုအား ကူညီငြှိမ်းသတ်ပေးသူ တစ်ဦးက ဆိုသည်။

မီးလောင်မှှုအား မီးသတ်ဦးစီးဌာနမှ မွန်းလွဲ Level 2 အဆင့်သတ်မှတ်ပြီး ငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၂၇ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.