ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ၏ အရှေ့ဘက် (၅)မိုင်ခန့်အကွာ၊ အနက် (၅၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး သေဆုံးကာ ၄၈ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက...
ရန်ကုန် ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ မိုင်းမောမြို့၌ မတ် ၂၃ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရသူ နှင့် သေဆုံးသူ တစ်ချို့ရှိခဲ့ကြောင်း လားရှိုးမြို့နယ် ၀ ပြင်ပ ဆက်ဆံရေးရုံး တာဝန်ခံ...
ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ညောင်ကျေးရွာ၌ မတ် ၂၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ ၈၀ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ဖလမ်းမြို့ ၏ အရှေ့တောင်ဘက် မိုင်(၂၀)ခန့်အကွာ တွင် အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၂/၁) နှင့် (၄၂/၂)ကြားတွင် ယနေ့ နေ့လည် ၃နာရီ ၅၅မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူ ၁၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးတွင် မတ် ၁၈ ရက် ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ အမ်း-မင်းဘူးလမ်း မိုင်တိုင်အမှတ်(၈၈)မိုင် (၄)ဖာလုံနှင့် (၃)ဖာလုံကြား ဆင်ခုံတိုင်ကျေးရွာအနီးရှိ ပေ ၇၀ ခန့်ရှိသော ချောက်အတွင်းသို့ ယာဉ်တစ်စီးပြုတ်ကျပြီး လူ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ်၁၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အနောက်-အနောက်တောင်ဘက် (၄၅) မိုင်ခန့် အကွာတွင် ဗဟိုချက် အနက် (၇၂)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၃) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုလှုပ်ရှားခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုမရှိနိုင်ကြောင်း မိုးလေဝသ နှင့်...