Connect with us

Environment, Disasters & Accidents

အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည့် သတိပေးချက် မိုးဇလထုတ်ပြန်

မိုးလေဝသခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင် လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့ တွင်(၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉)ရက်နေ့အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်

စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ရန် မိုးဇလမှ အကြံပြုချက်ထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.