Connect with us

Environment, Disasters & Accidents

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ ၇ဦး ဒဏ်ရာရရှိ

အမြန်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ယာဉ်အားတွေ့ရစဉ်(အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ နံနက် ၃နာရီကျော်တွင် ယာဉ်တိုက်မှုဖြစ်ပြီး တစ်ဦးသေ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၁၀၀/၂တွင် မန္တလေးမှ မော်လမြိုင်သို့ မောင်းနှင်လာသည့်

Alphardယာဉ်သည် အရှိန်လွန်၍ လမ်းလယ်ကျွန်းကို တိုက်မီခဲ့ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ၉ ဦးအနက် တစ်ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ဖြူး စခန်း တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.