Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးအတွင်း ယာဉ်နှစ်စီးတိုက်မှုကြောင့် လူ ၃ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိ

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သော ယာဉ်အားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်း ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၇၄/၁-၂)ကြားတွင် မတ် ၂၈ ရက် နံနက်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး လူ ၃ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

SUZUKI Hijetယာဉ်သည် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ Nissan (၂၂)ဘီးတွဲယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် SUZUKI Hijet ယာဉ်ပေါ်တွင် ၃ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်မှုကြောင့် SUZUKI Hijet ယာဉ်မောင်းနိုင်ထက်လင်း အား ဖောင်တော်သီနယ်မြေရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။(Xinhua)