Connect with us

Environment, Disasters & Accidents

YBS 37 နှင့် YBS 55 ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုကြောင့် သေဆုံး ဒဏ်ရာရသူ များပြား

YBS ယာဉ်နှစ်စီး တိုက်မိခဲ့မှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Myanmar Fire Services Department )

ရန်ကုန် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ရန်ကုန်-ပြည်လမ်းမကြီး၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ ရွှေညောင်ပင် ဘိုးဘိုးကြီး နတ်နန်း အဟောင်းအရှေ့တွင် YBS 37 နှင့် YBS 55 ယာဉ် နှစ်စီးသည် ယနေ့ဇူလိုင် ၇ ရက် မွန်းလွဲပိုင်း အချိန်တွင် မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွားခဲ့ရာ ကနဦး သတင်းအရ ၆ ဦး သေဆုံးကာ ဒဏ်ရာ ရရှိသူ အများအပြား ရှိကြောင်း အင်းစိန် ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့သိတာတော့ ၆ ဦးက သေဆုံးတယ်။ဒဏ်ရာ ရတာတွေကတော့ စုံစမ်းဆဲပဲ။ဆေးရုံတွေ ပို့တာတော့ အများကြီးပဲ။အတိအကျတော့ မရသေးဘူး။အခုလောလောဆယ် စုံစမ်းဆဲပဲ ရှိသေးတယ်။မြို့ထဲဘက်ကနေ တက်လာတဲ့ ၃၇ ကားနဲ့တိုက်ကြီးဘက်က လာတဲ့ ၅၅ နဲ့နှစ်စီး မျက်နှာချင်းဆိုင် တိုက်တာပေါ့။”ဟု အင်းစိန်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

YBS 37 နှင့် YBS 55ယာဉ်နှစ်စီး တိုက်မိကြောင်း သတင်းအရ ထောက်ကြန့်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ လူနာတင်ယာဉ် ၁စီး၊ ပုလဲ အရန် မီးသတ်စခန်းမှ လူနာတင်ယာဉ် ၃စီး ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.