Connect with us

Environment, Disasters & Accidents

အမ်းမြို့နယ်၌ ရေကြီးရေလျှံမှုကြောင့် ယာဉ်သွားလာမှုများ ရပ်တန့်

ရေလျှံမှုကြောင့် တံတားတစ်စင်း ပျက်စီးမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလျက် ရှိပြီး မြေနိမ့်ကားလမ်း အချို့နှင့်ကျေးရွာချင်းဆက် လမ်းများ ရေကျော်နစ်မြုပ်ခြင်း၊ တံတားငယ် ချဉ်းကပ်လမ်းများ ရေတိုက်စားခြင်း ကြောင့် ယာဉ်များ ခေတ္တယာယီဖြတ် သန်းသွားလာမှု ရပ်တန့်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်ပွားနေရာများမှာ ရန်ကုန်-စစ်တွေ ကားလမ်း၊ အမ်း-စစ်တွေ ကားလမ်း အပိုင်း ရွာသာယာကျေးရွာအနီး မိုင်တိုင်အမှတ်(၄/၇) မိုင်နေရာတွင် အကျယ် ပေ ၁ဝဝ ၊ အနက် ၃.၅ ပေခန့်နှင့် မိုင်တိုင်အမှတ် (၅/၃)မိုင်နေရာတွင် အကျယ် ပေ ၁ဝဝ၊ အနက် ၃ ဒသမ ဝ ပေခန့်၊ ကြိမ်ချောင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၁၃/၂)မိုင်နေရာတွင် အကျယ် ပေ ၁၂ဝ ၊ အနက် ၃.ဝ ပေခန့်၊ မဲလက်မောင်း ကျေးရွာအနီး အကျယ် ပေ ၁၈ဝ ၊ အနက် ၁.၅ ပေခန့်၊ မင်းဘူး-တပ်တောင်လမ်း အပိုင်း ဂါယ်လောင်းကျေးရွာအနီး မိုင်တိုင်အမှတ် (၁၆ဝ/ဝ)မိုင် နေရာတွင် အကျယ် ပေ ၅ဝ ၊ အနက် လေးပေခန့်နှင့် တပ်တောင်-ရူးကားလမ်းအပိုင်း မဝှမ်းကျေးရွာအနီး မိုင်တိုင်အမှတ်( ၁၂/၃) နေရာတွင်ဘေလီတံတား (၇x၅x၁ဝ) ပေမှာ တံတားအောက် ခြေတိုင်များ ရေတိုက်စားခြင်းကြောင့် တံတားမှာယိုင်နဲ့မှု ဖြစ်ပွားလျက်ရှိကြောင်း၊ အဆို ပါ ကားလမ်းရေကျော် သည့်နေရာများတွင် ယာဉ်များသွားလာမှု ရပ်တန့်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.