Connect with us

Myanmar

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀,၀၀၀ ပြား ဖမ်းဆီးရမိ

ရှမ်းပြည်နယ် ရပ်စောက်မြို့အတွင်း သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဖမ်းဆီးရမိသူများအား တွေ့ရစဉ် (ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀,၀၀၀ ပြားအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က နိုဝင်ဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နိုဝင်ဘာ ၄ ရက်က ရပ်စောက်မြို့၊ ဗထူးရပ်ကွက်၊ ကျောက်ဂူ – ရပ်စောက်သွားကားလမ်းတွင် မော်တော်ယာဉ် များအား စစ်ဆေးရှာဖွေစဉ် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်တစ်စီးပေါ်တွင် သိုဝှက် သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၆၁၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများမှာ ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ်သိန်း ၃,၀၅၀ ရှိပြီး သံသယရှိသူ နှစ်ဦးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………
(English Version)
610,000 stimulant tablets seized in eastern Myanmar
YANGON, Nov. 8 (Xinhua) — Myanmar police seized 610,000 stimulant tablets in eastern Myanmar’s Shan state, according to the Central Committee for Drug Abuse Control (CCDAC) late Thursday.
Acting on a tip-off, a joint anti-narcotic task force intercepted a vehicle in the state’s Yatsauk township on Nov. 4 and confiscated the drugs along with three mobile phones.
The seized drugs had a street value of 305 million kyats (about 145,238 U.S. dollars). Two suspects were arrested.
The suspects were charged under the Southeast Asian country’s Narcotic Drugs and Psychotropic Substances Law, and further investigations were underway, the CCDAC said. Enditem