Myanmar
မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်၌ ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံး၊ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်၌ ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦး ရှိခဲ့ကြောင်း ၊ ယင်းထိခိုက်ဒဏ်ရာရရှိသူများမှာ ကယ်ဆယ်ရေးအဖွဲ့များမှ ၁၂ ဦးနှင့် မီးသတ်ဦးစီးဌာနမှ ၉ ဦးတို့ ဖြစ်ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ယင်းပေါက်ကွဲမှုမှာ မွန်ပြည်နယ် မော်လမြိုင်မြို့ ၌ နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ် ဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုကြောင့် ဆီသယ်ယာဉ်မောင်းနှင်သူတစ်ဦး သေဆုံးကာ အခြားသူ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် အခြားသူများမှာ အသေးစား ထိခိုက်ဒဏ်ရာရရှိမှုများ ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဆီဆိုင်မှာ ဆီသယ်ယာဉ် မီးလောင်မှု ဖြစ်တယ်လို့ ကြားတဲ့အတွက် ကူညီမီးငြှိမ်းသတ်ဖို့ ကျွန်တော်တို့ သွားခဲ့ပါတယ်။ သုံးနာရီလောက် မီးငြှိမ်းသတ်ခဲ့ရပြီးတော့ ည ၈ နာရီ ၄၈ မိနစ်မှာ ဒုတိယတစ်ခါ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ဒုတိယတစ်ခါ ပေါက်ကွဲမှုမှာ အဲဒီနေရာမှာရှိတဲ့ မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေး သမားတွေအားလုံး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရသူများအားလုံးကို ဆေးကုသနိုင်ရေးအတွက် ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
Explosion at gas station in southern Myanmar leaves 1 dead, 21 injured
YANGON, Nov. 8 (Xinhua) — An explosion at a gas station in southern Myanmar has resulted in one death and 21 injuries, including 12 from rescue originations and 9 from the fire services department, an official from the Bo Bo Win rescue organization told Xinhua on Friday.
The explosion occurred in Mawlamyine Township of Mon State, at around 5:20 p.m. local time on Thursday, he said.
The blast killed the driver of the oil tanker, and four individuals sustained serious injuries, while the remaining victims suffered minor injuries, he added.
“Upon receiving a report of an oil tanker fire at the gas station, we went to help put out the flames. After three hours of efforts to extinguish the fire on the oil tanker, a second explosion occurred at 8:48 p.m. local time. All the firefighters and rescue workers at the scene were injured in the second blast,” the official said.
All the injured were transported to a local hospital for treatment, he added. Enditem