Environment, Disasters & Accidents
မြန်မာနိုင်ငံ လှိုင်သာယာမြို့နယ်၌ တစ်ရက်အတွင်း ယာဉ်တိုက်မှု ၂ ခုဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ လှိုင်သာယာမြို့နယ်၌ တစ်ရက်အတွင်း ယာဉ်တိုက်မှု ၂ ခုဖြစ်ပွါးပြီး လူ ၂ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူမူကယ်ဆယ်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။
ဧပြီ ၁ ရက်နေ့ညနေ ၅နာရီခန့်က လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးအကျော် အလုပ်သမားဆေးရုံအနီးတွင် ခရီးသည်တင်ယာဉ် နှင့် ဆီဘောက်ဆာယာဉ်နှစ်စီးတိုက်မှုဖြစ်ပွါးကာ လူ ၁ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊အဆိုပါနေ့ ည ၆ နာရီ ၃၀ အချိန်တွင် BOC ကားမှတ်တိုင်တွင် အငှါးယာဉ်တစ်စီးက လမ်းသွားလမ်းလာများအား တိုက်မိ၍ လူ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွေးဒါနမျိုးဆက် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို လှိုင်သာယာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ (Xinhua)

ခရီးသည်တင်ယာဉ် နှင့် ဆီဘောက်ဆာယာဉ် နှစ်စီးတိုက်မှုဖြစ်ပွါးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-သွေးဒါနမျိုးဆက် ပရဟိသအသင်း)

ခရီးသည်တင်ယာဉ် နှင့် ဆီဘောက်ဆာယာဉ် နှစ်စီးတိုက်မှုဖြစ်ပွါးမှုအားတွေ့ရစဉ် (ဓာတ်ပုံ-သွေးဒါနမျိုးဆက် ပရဟိသအသင်း)