Connect with us

Myanmar

မြန်မာနိုင်ငံ နေပြည်တော် မဟာသင်္ကြန်ပွဲတော်၌ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အနုပညာရှင်များ ဖျော်ဖြေမည်

ယခင်နှစ် နေပြည်တော်၌ မြန်မာ့ရိုးရာ င်္သကြန်ပွဲတော်ကျင်းပနေမှုအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

နေပြည်တော်၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပမည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်၌
တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အနုပညာရှင်များ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက တာဝန်ရှိသူက ပြောသည်။

“ ယခင်နှစ်ကလည်း နိုင်ငံခြားသား ဖျော်ဖြေမှုတွေရှိတယ်၊ ဒီနှစ်မှာတော့ ပိုပြီး စည်ကားအောင် လူငယ်အကြိုက် ကိုရီးယား K-pop အဖွဲ့ထဲက အဆိုတော်အချို့ လာဖျော်ဖြေပေးဖို့ စီစဉ်ထားပါတယ်၊ ရုရှား၊ တရုတ် ၊ ကိုရီးယား အနုပညာရှင်တွေ မဟာသင်္ကြန်ရေကစားပွဲကို လာရောက်ဖျော်ဖြေပေးဖို့ ဖိတ်ကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

နေပြည်တော် သင်္ကြန်ပွဲတော်သို့ နိုင်ငံခြားသားများဖျော်ဖြေမှုများ အပြင် ပြည်တွင်းမှ နာမည်ကြီး အနုပညာရှင်များလည်း ရေကစား မဏ္ဍပ်များတွင် လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်မှ ဧပြီ ၁၆ ရက်ထိ နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)