Connect with us

Myanmar

မြန်မာနိုင်ငံ၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအား ရန်ကုန် ၊ မန္တလေး နှင့် ရှမ်းပြည်နယ်တို့၌ မီးရှို့ဖျက်ဆီး

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအား ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၃၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်သည့် ယနေ့ ဇွန် ၂၆ ရက်တွင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအား ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ၊ ဓာတုပစ္စည်းများ နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအား ရန်ကုန်မြို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဇွန် ၂၆ ရက်တွင် ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ရခိုင်ပြည်နယ် နှင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးအမယ်ပေါင်း ၂၅ မျိုး တန်ဖိုးအားဖြင့် ကျပ်ငွေ ၃၂၀ ဒသမ ၁၆၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁၃ သန်း)ဖိုးအား ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ၊ ဒဂုံဧရာကုန်တင်ယာဥ် ရပ်နားကွင်းနှင့် ထိန်ပင်အမှိုက်ပုံ၌ ယနေ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်တို့၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမျိုးအစား ၃၆ မျိုး တန်ဖိုးအားဖြင့် ကျပ်ငွေ ၁၈၆ ဒသမ ၀၃၇၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၃ ဒသမ ၇ သန်း)ဖိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းနှင့် နန်းဟူးကျေးရွာအုပ်စု မံတလင်းကျေးရွာအနီး ဗြုံးကျောက်ကွင်းတို့၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမျိုးအစား ၃၅ မျိုး တန်ဖိုးအားဖြင့် ကျပ်ငွေ ၅၆၂ ဒသမ ၄၆၀၅ ဘီလီယံ(အမေရိကန်ဒေါ်လာ ဒေါ်လာ ၃၅၁ သန်းကျော်)ဖိုးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သည့် ၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ရန်ကုန် ၊ မန္တလေး ၊ တောင်ကြီး ၊ လားရှိုး နှင့် ကွတ်ခိုင်မြို့ ၅ မြို့တွင် နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ ၈၃၉ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)