ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ မှ သြဂုတ်လကုန်အထိ စည်းကမ်းချိုးဖောက်သည့်မော်တော်ယာဉ်များအား Viber မှ တဆင့် တိုင်ကြားမှုပေါင်း ၂,၁၀၈ မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၃၀ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး တွင် အသက်အကြီးဆုံး အဘိုးအဘွားတို့အားရွေးချယ်ခဲ့ရာ အသက် ၁၂၇ နှစ်အရွယ်ရှိ အဘွားဒေါ်ထွေးကို မြန်မာတစ်နိုင်ငံလုံး၏ အသက်အကြီးဆုံးအဖွားအဖြစ် ရွေးချယ်ခဲ့ကြောင်း ၊ တစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘိုးအဖြစ် အသက် ၁၂၆ နှစ် အရွယ်ရှိ အဘိုးဦးကိုကိုကြီး...
ရန်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများရှိသည့်နေရာများမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာ ၁ရက်မှ ၃၁ ရက်အထိ တစ်လထပ်မံရပ်ဆိုင်းမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(စက်တင်ဘာ ၂၉ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ခဲ့သည်။
န်ကုန်၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ) ယခင်က မြို့ပတ်ရထားစီးနင်းသူ တစ်ရက်လျှင် ၁၈,၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ COVID-19 ရောဂါအခြေအနေကြောင့် Stay at Home များ လုပ်ထားသည့်အချိန် တွင် တစ်ရက်လျှင်ရထားစီးနင်းသူ ၄,၀၀၀ ဝန်းကျင်သာ ရှိတော့ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် (၆) မှ...
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွင်း ယာဉ်မတော်တဆမှု ၁,၁၆၉ မှုဖြစ်ပွားပြီး လူ ၃၇၂ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ယာဉ်တစ်စီးပေါ်မှ ငွေကျပ်သိန်း ၃၀,၂၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar)က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း စက်တင်ဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရက်သတ္တပတ်အတွင်း တရားမဝင်ကျွန်း ၊ သစ်မာ ၊အခြားသစ် စုစုပေါင်း ၇၇ ဒသမ ၀၅၈၁ တန်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံအတွင်းရှိ မြစ်ချောင်းဒေသများ၌ ယခုနှစ်အတွင်း မြန်မာ့ရေချိုငါးမျိုးစိတ်သစ် ၁၀ မျိုးတွေ့ရှိထားကြောင်း အပြည်ပြည် ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင် အဖွဲ့(မြန်မာ)FFIထံမှ သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၂၈ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်မြို့နယ်တို့၌ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၃,၂၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။