ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ကမ်းနားလမ်း မြို့ပတ်လမ်းရှိ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ရေဘေးသင့်သူ ၆,၀၀၀ကျော်အား နေရာ(၁၄)နေရာ၌ ယာယီပြောင်းရွှေ့ပေးထားကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး တာရိုး ဂလိုဏ်ပေါက်ဖြစ်ပြီး ဧရာဝတီ မြစ်ရေ စီးဆင်းဝင်ရောက်လာသော ရပ်ကွက်များမှ ပြည်သးများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ စုပေါင်းလုပ်ကွက် ယခင်မြေပြိုကျခဲ့သည့်နေရာ၌ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက လက်ရှိ နိုင်ငံတကာအခြေအနေ၌ အမေရိကန်မှ ဆောင်းပါးဖော်ပြ၍ တရုတ်နိုင်ငံကို ယခုကဲ့သို့ အမည်ဖျက်ရန် လုပ်ဆောင်မှုသည် တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲနေရာ ၎င်းနောက်ကွယ်မှ အကြောင်းရင်းကို လေးလေးနက်နက်စဉ်းစားသင့်ကြောင်း၊ ယင်းသည် အရှိန်အဟုန်မြင့်တိုးတက်နေသည့် တရုတ်-မြန်မာဆက်ဆံရေးအပေါ်ထားရှိသော အမေရိကန်၏ “မစားရသည့်အမဲ သဲနှင့်ပက်”...
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် (၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက တရုတ်-မြန်မာရောဂါတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုကို အကြောင်းပြပြီး တရုတ်နိုင်ငံကို နာမည်ဖျက်ရန်ကြိုးပမ်းမှုသည် အောင်မြင်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီးတစ်ပြိုင်တည်းမှာပင်”အမေရိကန်သည် တရုတ်နိုင်ငံကို အမည်ဖျက်တိုက်ခိုက်လိုက်ရုံဖြင့် မိမိ၏ အမာရွတ်ကို ဖုံးဖိနိုင်လိမ့်သွားမည်လား”ဟု မေးခွန်းထုတ်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး သံရုံးယာယီတာဝန်ခံ၏ တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့် မှားယွင်းသောပြောကြားချက်များကို ဝေဖန်ပယ်ချလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း နှင့် ကချင်ပြည်နယ်တို့တွင် ယနေ့မွန်းတည့် ၁၂ နာရီ မှ နောက် ၄၈ နာရီအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ စစ်ကိုင်းဒေသကြီး တွင်ချင်းတွင်းမြစ်ရေ၊ ကချင်ပြည်နယ် တွင် ဧရာဝတီမြစ်ရေ များ မြင့်တက်နေသည့် အတွက်...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ဂွေးပဇင်ကျေးရွာအုပ်စု တောင်သူတစ်ဦး ၏ လယ်မြေမြောင်းဘောင်ရှိ နဗူးပင်များတွင် ကျိုင်းကောင်(နှံကောင်)များ အများအပြားကျရောက်နေကြောင်း နယ်မြေကွင်းတာဝန်ခံ၏ အသိပေးအကြောင်းကြားမှုအရ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ရာ အုပ်စုဖွဲ့ဖျက်ဆီးစားသောက်တတ်သော ကန္တာရကျိုင်းကောင်များ မဟုတ်ဘဲ အဝါရောင် အစက်ပြောက်နှံကောင်(သို့)...