Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၌ ကျပ်သိန်းတစ်သောင်း တန်ဖိုးရှိ အိုက်စ်များ ဖမ်းမိ

တာချီလိတ်မြို့နယ်၌ သက်သေခံ ပစ္စည်းများနှင့်အတူ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၁၀၀၀၀ တန်ဖိုးရှိ အိုက်စ်များအား အောက်တိုဘာ ၁၉ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ(CCDAC Myanmar)က ယနေ့ ထုတ်ပြန်ခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဟံသာဝတီလမ်းတွင် မောင်းနှင်လာသည့် မော်တော်ယာဉ် လေးစီးအား ရှာဖွေခဲ့ရာ မော်တော်ယာဉ်တစ်စီးပေါ်မှ အိုက်စ်အလေးချိန် ၅၀ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၁၀၀၀၀)၊ ထိုင်း ဘတ်ငွေ ၃.၀၅ သိန်း၊ လက်ကိုင်ဖုန်း ၆ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းတို့အားစစ်ဆေးရာ အတူတကွပူးပေါင်း သယ်ဆောင်လာခြင်းကြောင်း ပေါ်ပေါက်သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.