ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် တပိုင်းတစ်စ နေကြတ်ခြင်းကို နံနက် ၉:၃၈နာရီ မှ ၁၃:၀၈ နာရီ အချိန်အထိမြင်တွေ့ခဲ့ရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ချီဗွေမြို့၏ အနောက်-အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ တွင် အင်အား ရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ကုမ္ပဏီ ဥပဒေအရ ကုမ္ပဏီများအနေဖြင့် အီလက်ထရောနစ် မှတ်ပုံတင်စနစ်(Myanmar Companies Online-MyCO) အသုံးပြု၍ မှတ်ပုံတင်ရမည်ဖြစ်ကာ အဆိုပါ စနစ်ကို ၂၀၁၈ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ကျင့်သုံး ခဲ့ပြီးနောက်၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃၀...
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကွမ်တာကျေးရွာအနီး၊ မော်လမြိုင်-သံဖြူဇရပ်လမ်းမကြီးတွင် ယနေ့ (ဒီဇင်ဘာ ၂၆ ရက်) နံနက် ၁၀နာရီကျော်၌ ယာဉ်တိုက်မှုဖြစ်ပွားကာ လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့ ၏ အနောက်တောင်ဘက် (၁၀)မိုင် ခန့်အကွာ တွင် အနက် (၄) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့...
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ မော်တော်ယာဉ် ကိုးစီး ထပ်ဆင့်တိုက်မှုဖြစ်ပွားမှုတွင် ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်၂၈,၀၀၀ကျော်အတွက် နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ ၂၃ သန်း ခန့်ရောင်းချပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ တပ်မတော်(ရေ)ကို သာမန်ရေတပ်မှ နိုင်ငံတကာအဆင့် ဝင်ဆန့်နိုင်သည့် ပင်လယ်ပြာတပ်မတော်အဆင့်ရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း (၇၂)နှစ်မြောက်တပ်မတော်(ရေ)နေ့ အထိမ်းအမှတ် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက် ကျေးရွာ အောက်ရွှေမှော်၌မုန်ယိုနေသည့်ဆင် အန္တရာယ်ပြုမှုကြောင့် လူ ၃ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။