Connect with us

Sport

မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Chinese 8 Ball ပြိုင်ပွဲ အဖွင့်ပွဲစဉ် ယနေ့ ညနေ ၅း၃၀နာရီတွင် စတင်ကစားမည်

ကိုဘုန်းမြင့်ကျော် (ခ) အားတီအားတွေ့ရစဉ် (ဓာတ်ပုံ-- ကိုအားတီ Facebook)

ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ၌ chaoyang  မြို့တွင် ကျင်းပမည့် Chinese 8 Ball ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည့်    မြန်မာ့လက်ရွေးစင်  Pool  ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီ ၏ အဖွင့်ပွဲစဉ်ကို ယနေ့ ဧပြီ ၂၈ ရက်၊  မြန်မာစံတော်ချိန် ညနေ ၅း၃၀ နာရီ တွင် စတင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  Chinese 8 Ball ပြိုင်ပွဲကို ဧပြီ ၁၈ ရက်မှ ဩဂုတ် ၁၈ ရက်အထိ လေးလကြာကျင်းပမည်ဖြစ်ပြီး    ကစားသမားရှစ်ဦး    ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲသည် ဆုကြေးငွေမြင့်မားသည့် ပြိုင်ပွဲဖြစ်ပြီး    ပြိုင်ပွဲဝင်ရန် ကစားသမားများကို   စပွန်ဆာပေးသည့် ကုမ္ပဏီက    စိတ်ကြိုက် ရွေးချယ်ခြင်းဖြစ်သော်လည်း ကမ္ဘာ့ချန်ပီယံနှင့် နိုင်ငံ တကာပြိုင်ပွဲများတွင်    အောင်မြင်မှုရရှိသည့် ကစားသမားများကိုသာ ယှဉ်ပြိုင်ခွင့်ပြုသည့် ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

ကိုဘုန်းမြင့်ကျော်က  “ဒီနေ့ ညနေ မှာ ပထမဦးဆုံးပွဲ ကစားရမှာပေါ့။ မနက်ဖြန်လည်း ပွဲရှိတယ်။ အခု ကျွန်တော် ထိုးရမယ့် သူ က ၂၀၁၈ တုန်းက ချန်ပီယံပါ။ သူက ၂ ပွဲထိုးထားပြီး၂ ပွဲ စလုံးနိုင်ထားတယ်။ချန်ပီယံ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ” ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

 ယခုပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ကစားသမား ခုနစ်ဦးပါဝင်ယှဉ်ပြိုင်နေပြီး ငါးဦးသည် ကမ္ဘာ့ချန်ပီယံဖြစ်ကာ ကျန် နှစ်ဦးမှာ အိုလံပစ်ချန်ပီယံ များ ဖြစ်ကြကြောင်း သိရသည်။ပထမအဆင့်ပွဲစဉ်များကို  ဧပြီနှင့် မေလအတွင်း ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို ရှစ်ဦးပတ်လည် ကစားရမည်ဖြစ်ကြောင်း ၊ အဆင့် (၁) မှ (၄) အထိ ရရှိသည့် ကစားသမား လေးဦးနှင့် အဆင့်(၅)နှင့်(၆) Play-off ကစားပြီး အနိုင်ရသည့်ကစားသမားတစ်ဦး၊ စုစုပေါင်း ငါးဦးသည် နောက်တစ်ဆင့် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။ 

ဘုန်းမြင့်ကျော်သည်   လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက တရုတ်နိုင်ငံ၌ ကျင်းပခဲ့သည့်   9 Ball  နှင့်  8 Ball ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း နှင့်  ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်း၏ Pool ပြိုင်ပွဲတွင်   ရွှေတံဆိပ်နှစ်ခုရခဲ့သော ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။   (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.