ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နေထိုင်သူနှစ်ဦးထံမှ ငွေကျပ် ၄၅၉ဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇွန် ၁၁ရက်(ဆင်ဟွာ) ပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ စီမံခန့်ခွဲမှု စနစ်များကို ဖော်ထုတ်ရာ၌ နိုင်ငံ့စီးပွား ဖွံ့ဖြိုးလာ မှုနှင့်အတူ သဘာ၀ ပတ်ဝန်းကျင်အပေါ် ဖိအားပေးမှုမများ၊ အသစ်အသစ်သော စိန်ခေါ်မှုများ၊ အခွင့် အလမ်းများကို မျက်ခြေ မပြတ်ဖို့ လိုအပ်သည်ဟု သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် (ဒု)ချီးရားတန်းကျေးရွာအုပ်စု၊ ခရေမြိုင်ကျေးရွာအနီး၊ မောင်တော-အငူမော်သွားကားလမ်းမဘေးရှိ ARG စိုက်ပျိုးရေးခြံအဆောက်အဦကို ဝင်ရောက်ရှာဖွေရာတွင် ငွေကျပ် ၇,၉၉၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပဒူကောင်များ ကိုက်မိ၍ အမျိုးသမီး တစ်ဦး သေဆုံး သွားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့တွင် ဇွန် ၉ ရက် ညပိုင်းတွင် ကျပ်သိန်း ၁၃၀၀ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) “ ရှမ်းစော်ဘွားကြီးများ၏ ရှားပါး ဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက်မှ ၁၆ ရက် အထိ...
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့်အကွာ မာဂရီသစ်တောကြိုးဝိုင်းအတွင်း၌ ဇွန် ၈ ရက် ညနေပိုင်းတွင် တောဆင်ရိုင်းများ ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ်(၂)လုံး ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၉ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးကား လမ်းမိုင်တိုင်(၃၃/၁-၂)ကြား၌ ယာဉ်ဘရိတ်ပေါက်၍တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး အရေးပေါ်အစည်းအဝေး ကို ဇွန်လ ၁၁ ရက်၊ နံနက် ၁၀နာရီ တွင် ကျင်းပရန်ခေါ်ယူကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် က ယနေ့နေ့စွဲဖြင့် ကြေညာခဲ့သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဇွန်လ ဒုတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ အနောက် တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင် ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့ သတင်းထုတ်ပြန်သည်။