Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ကျပ် သိန်းတစ်ထောင် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော တရားခံများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်၌ ကျပ် သိန်းတစ်ထောင် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သောသတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဝယ်လက်အသွင်ယူကာ ပင်လောင်းမြို့နယ်၊ တောင်စလုံး ကျေးရွာအနီး တောင်စလုံး-တောင်မဲသင်းကားလမ်းသို့ လာရောက်ပို့ဆောင်ရန် ချိန်းဆိုခဲ့ရာ မော်တော်ယာဉ်တစ်စီးရောက်ရှိလာသဖြင့် ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်း ထိုင်ခုံအောက်နှင့် ယာဉ်နောက်ခန်းထိုင်ခုံကူရှင်အတွင်းတို့မှ ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝ,ဝဝဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ဝဝဝ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားမျာနှင့် ပတ်သက်ပြီး ပင်လောင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။(Xinhua)