ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် တောင်ကုတ် မြို့နယ် အတွင်း သစ်များ တင်ဆောင်လာသော ၆ ဘီးယာဉ် တစ်စီးသည် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ ၏ မြောက်-အရှေ့မြောက်ဘက် (၂၄)မိုင်ခန့်အကွာ အနက် (၆၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) လစ်လပ်သွားသည့် ကချင်ပြည်နယ်အစိုးရအဖွဲ့ရှိ ဝန်ကြီးဌာန(၃)ခုမှ ဝန်ကြီးသုံးဦးအား အစားထိုးခန့်အပ်လိုက်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်သော သမ္မတရုံး၏ အမိန့်စာအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ပဲခူးရိုးမနယ်မြေဧရိယာများအတွင်း CMRS စနစ်ဖြင့် တရားမဝင်သစ်များ ဖမ်းဆီးရာတွင် လေးရက်အတွင်း တရားမဝင်သစ် ၁၉၇ တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် Gavi, The Vaccine Alliance အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ (Miss Ethnic Myanmar 2019 )winnerရရှိသော ကချင်တိုင်းရင်းသားကိုယ်စားလှယ် အလှမယ် M Ja Sengသည် သိန်း ၅၀တန် ရှစ်ပါးရတနာ သရဖူဆုကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်၊ (၅)ရပ်ကွက် ကျိုက်လတ်-မော်လမြိုင်ကျွန်းကားလမ်း မိုင်တိုင်(၁/ဝ-၁)ကြား၌ ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အတွင်း အခွန်ကောက်ခံ ရရှိမှုမှာ မူလ လျာထားချက်ထက် ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း...