Connect with us

Politics, Law & Military

ဒုတိယ အကြိမ် အာရှဒေသ ကျောက်စိမ်း ထိပ်သီး ဖိုရမ် ကျင်းပ

ဒုတိယ အကြိမ် အာရှဒေသ ကျောက်စိမ်း ထိပ်သီး ဖိုရမ် စတင်ဖွင့်လှစ်စဉ်၊

နေပြည်တော်၊ မတ်လ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ့ ကျောက်စိမ်း၊ ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများအား အရည်အသွေးမြှင့် ဒီဇိုင်း လက်ရာများဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များသို့ထိုးဖောက်ဝင်ရောက်နိုင်ရေး အပါအဝင် ရည်ရွယ်ချက် ငါးမျိုးဖြင့်် ပြုလုပ်သော ဒုတိယ အကြိမ်မြောက် အာရှဒေသတွင်း ကျောက်စိမ်း ထိပ်သီး ဆွေးနွေးပွဲကို နေပြည်တော် Hotel Max တွင် ယနေ့ ကျင်းပခဲ့သည်။

ထိုဖိုရမ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်က “ကျောက်မျက်ရတနာတွေကို ဥပဒေ နည်းဥပဒေများနဲ့အညီ ပြည်ပသို့ တင်ပရောင်းချ ရာမှာ လုပ်ငန်းရှင်များ ပညာရှင်များရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်၊ ကျောက်စိမ်း တွေကို ရတနာ အဖြစ်သာမက ဘာသာ၊ ယဉ်ကျေးမှု ဆိုင်ရာ လက်ရာတွေ အဖြစ် ဥပမာ ဘုရား၊ စေတီ ဆင်းတုတော်များ၊ ရုပ်တုများ၊ တိုင်းရင်းသား ဆင်ယင်ထုံးဖွဲ့မှုများ စသဖြင့် ထုတ်လုပ်နေကြတဲ့ အတွက် ဒီလုပ်ငန်းကြီး စနစ်တကျ ဖွံ့ဖြိုး တိုးတက်လာဖို့ အရေးကြီးပါတယ်၊ ပြည်တွင်းဈေးကွက် သာမက ပြည်ပ ဈေးကွက်ဝင် လက်ရာတွေအဖြစ် ထုတ်လုပ်နိုင်ပြီး ပြည်ပဈေးကွက် ဝင်နိုင်ဖို့ လိုအပ် ပါတယ်၊ အချောထည်တွေဟာ နည်းပညာသာမက အနုပညာဆန်ဆန် ထုတ်လုပ်နိုင်ဖို့လည်း လိုအပ် ပါတယ်၊ လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ အစိုးရ အဖွဲ့အစည်းများ အားလုံးပူးပေါင်း ဆောင်ရွက်ကြရ ပါမယ်” ဟု ပြောကြားခဲ့သည်။

ဖိုရမ် ဖွင့်ပွဲ အခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးလပိုင်ခွန်စာ နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guangdong Institute of Diamond, Jade and Jewelry ဥက္ကဋ္ဌ Mr. OUYANG YONGJUN တို့က အမှာစကားများ အသီးသီး ပြောကြားအပြီးတွင် “မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကျောက်မျက် အချောထည်၊ လက်ဝတ်ရတနာ ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာ အကူအညီပေးရေး၊ ဈေးကွက် အခိုင်အမာ ရရှိရေးနှင့် တရုတ်လူမျိုးများ အကြိုက် အချောထည်များ ရရှိရန် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး” တို့အတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင် များ အသင်းချုပ်နှင့် Guangdong Institute of Diamond, Jade and Jewelry Association ဦးဆောင်သည့် ကျောက်မျက် အဖွဲ့အစည်း နှစ်ဆယ် တို့က နားလည်မှု စာချွန်လွှာများ လက်မှတ် ရေးထိုးကြသည်။

အဖိုးတန် သယံဇာတများကို ပြည်သူအများစု အကျိုး ဖြစ်ထွန်းစေမည့် တာဝန်ယူမှု တာဝန်ခံမှု ရှိသော စီးပွားရေး အသိုက်အဝန်း တည်ဆောက်ရန်၊ ကျောက်စိမ်းအချောထည်နှင့် လက်ဝတ်ရတနာများ ပြည်တွင်း ဈေးကွက် ခိုင်မာရုံသာမက ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရန်၊ ကျောက်စိမ်း အချော ထည် ကဏ္ဍတွင် နည်းပညာ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အခွင့်အလမ်း တိုးတက်လာစေရန်၊ နိုင်ငံခြားငွေ တိုးတက် ရရှိလာပြီး နိုင်ငံတော်၏ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချပေးနိုင်ရန်၊ စနစ်ကျသော Online Marketing ဖြင့် နိုင်ငံတကာနှင့် အချိန်နှင့် တစ်ပြေးညီ ချိတ်ဆက် ဆောင်ရွက် လုပ်ကိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပသော အဆဆိုပါ ဖိုရမ်သို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ၊ လွှတ်တော်ရေးရာ ကော်မတီဝင် ကိုယ်စားလှယ် များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Guangdong Institute of Diamond, Jade and Jewelry ဥက္ကဋ္ဌ Mr. OUYANG YONGJUN နှင့်အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပမှ ကျောက်မျက် ပညာရှင်များ၊ ကျောက် မျက် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဖိုရမ်တွင် တရုတ် – မြန်မာ ကျောက်စိမ်း အချောထည်နှင့် လက်ဝတ်ရတနာများအား အီလက် ထရောနစ် နည်းပညာ အရောင်းဈေးကွက်သို့ ပြောင်းလဲခြင်း၊ မြန်မာနိုင်ငံ ကျောက်စိမ်း၊ ကျောက်မျက် အရင်းအမြစ်များ၏ ပြောင်းလဲမှုများ သုံးသပ် တင်ပြခြင်း၊ အချောထည်များအား အနုပညာ လက်ရာ မြောက် ဆန်းသစ်တီထွင်မှု ဒီဇိုင်းများဖြင့် ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ကျောက်စိမ်း ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများ ရင်းနှီးမြှုပ်နှံခြင်း၊ ကျောက်စိမ်း ကျောက်မျက် အချောထည်နှင့် လက်ဝတ်ရတနာများတရုတ် – မြန်မာ နယ်စပ်မှ တင်ပို့ တင်သွင်းခြင်း အပေါ် အခွန်ကောက်ခံရေး မူဝါဒနှင့် ပတ်သက်ပြီး လေ့လာ သုံးသပ်ခြင်း စသည့် ခေါင်းစဉ်များကို တင်ပြဆွေးနွေးခြင်း၊ မေးမြန်း၊ ဖြေကြားခြင်းများ ဆောင်ရွက်သွားကြမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.