ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် စိုးရိမ်စရာမဟုတ်သလို ရန်သူမဟုတ်ကြောင်း မိတ်ဆွေသာဖြစ်ကြောင်း လက်တွေ့ကျကျ မရှိမဖြစ် အသိစိတ်ဓာတ်ရှိရှိနှင့် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမည့်အလုပ် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှု ကြောင့် ရန်ကုန်-မန္တလေး အမြန်စာပို့ရထား များနှင့် မော်လမြိုင်ရထားများ ရထားလမ်းပိုင်း ရေကျော်ခဲ့သဖြင့် ရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကရင်ပြည်နယ် ဘားအံမြို့နယ်၌ စက်လှေတိမ်းမှောက်မှုကြောင့် လူ၃ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ နှင့် မဒေါက်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၌ ယနေ့တွင် ယွန်းစလင်းချောင်းရေလျော့နည်းသွားသော်လည်း အမှတ် (၂) ရပ်ကွက် မကာဟဲပိုင်းနှင့် ကျေးရွာ (၄) ရွာတို့တွင် အိမ်ခြေ (၄၇၈) အိမ်ရှိသည့်အနက် အိမ်ခြေ ၂၉၆ အိမ်တို့တွင် ရေမြုပ်ခြင်းနှင့် ရေဝင်ရောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကမာနတ်ကျေးရွာ၌ ဇူလိုင်လ ၂၇ ရက်နေ့ ၀၀း၂၅နာရီ အချိန်တွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သွပ်မိုး/ထရံကာ နေအိမ် ၈၅ လုံး ပြိုကျပြီး အိမ်၁၉၂ လုံး၊ ဓမ္မာရုံ ၂ ရုံ...
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများထံ သဘာဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။