Connect with us

Politics, Law & Military

မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားတစ်ယောက်၏ မူလ အခွင့် အရေး မဆုံးရှုံးစေရန် မဲရုံသို့ သွားရောက် ဆန္ဒမဲ ပေးကြရန် အသိပေး နှိုးဆော်

၂၀၁၇ ခုနှစ် ဧပြီလတွင်ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ ၌ မဲပေးနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ယောက်၏ မူလ အခွင့် အရေး မဆုံးရှုံးစေရန် အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးမည့်သူများအနက် အကြောင်း အမျိုးမျိုးကြောင့်သော် လည်းကောင်း ၊ သဘာဝဘေးအန္တရာယ် ကြောင့်သော်လည်းကောင်း မှတ်ပုံတင် အစရှိသည့် အထောက် အထားများ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မဲဆန္ဒရှင်များအနေဖြင့် မိမိတို့၏ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရန် အတွက် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲစာရင်းတွင်ပါဝင်သည့် မဲဆန္ဒရှင်အမှန်ဖြစ်ကြောင်း ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ကို မဲရုံ၌ မဲရုံမှူးထံ တစ်ပါတည်း တင်ပြ၍ ဆန္ဒမဲပေးနိုင်ကြောင်း နှိုးဆော်ချက်တွင် ဖော်ပြထားသည်။

အကယ်၍ ထောက်ခံချက်ကို မတင်ပြနိုင်ခဲ့သော်လည်း ထိုသူသည် မဲစာရင်းတွင် ပါဝင်သည့် မဲဆန္ဒရှင် အမှန် ဖြစ်ကြောင်း မဲရုံ၌ တာဝန်ခံ၍ ပြောဆိုနိုင်ခဲ့သူရှိလျှင်လည်း ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် လစ်လပ်မဲဆန္ဒနယ် များတွင်ပါဝင်သည့် မြို့နယ်များ၌ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင် စာရင်း ရရှိရန် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းကို အခြေခံ၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ပြုစုစိစစ်ခဲ့ကြောင်း ၊ ပြုစုစိစစ်ပြီး မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ် အဖြစ် ၉-၇-၂ဝ၁၈ ရက်နေ့မှ ၂၂-၇-၂ဝ၁၈ ရက်နေ့အထိလည်းကောင်း၊ နောက်ဆုံးအကြိမ်အဖြစ် ၁-၁ဝ-၂ဝ၁၈ ရက်နေ့မှ ၁၄-၁ဝ-၂ဝ၁၈ ရက်နေ့အထိ လည်းကောင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများမှလည်း လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.