Connect with us

Environment, Disasters & Accidents

ရာသီဥတုဆိုးရွားမှုကြောင့် တိုက်လေယာဉ်နှစ်စီး ပျက်ကျခဲ့ဟု တပ်မတော်ထုတ်ပြန်


ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ယနေ့ နံနက်တွင် မကွေးလေ တပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်နှစ်စီး ပျက်ကျမှုသည် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေသော တိုက်လေယာဉ်နှစ်စီးသည် ယနေ့နံနက်ပိုင်းတွင် လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီး မကွေးလေတပ်စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတုဆိုးရွားမှုနှင့် ရုတ်တရက်ကြုံတွေ့ရပြီး နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မကွေးလေတပ်စခန်းဌာနချုပ်မှ တိုက် လေယာဉ် ၄ စီးသည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ်တွင် အုပ်စုဖွဲ့လေ့ကျင့်ပျံသန်းမှုများစတင်ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်းဌာနချုပ်သို့ပြန်လာစဉ် ရာသီဥတုဆိုးရွားမှု နှင့် ရုတ်တရက်ကြုံတွေ့ခဲ့သဖြင့် လေယာဉ်များအား ကြိုးစားထိန်းချုပ်ဆင်းသက်ခဲ့ကြောင်း

ထိုသို့ဆင်းသက်စဉ်လေယာဉ် ၄ စီးအနက် ၂ စီးမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး မှာ ရာသီဥတုဆိုးရွားမှုကို ဆက်လက်ကြိုးစား ထိန်းသိမ်းမောင်းနှင်ခဲ့သော်လည်း ပျက်ကျသွားခဲ့ကြောင်း သိရသည်။

တပ်မတော်တိုက်လေယာဉ် နှစ်စီးပျက်ကျမှု အစိတ်အပိုင်းအား တွေ့ရစဉ်(တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး)

မင်းဘူးမြို့၏ တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးများဖြစ်သော ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို့မှာ သေဆုံး ခဲ့ကြောင်းသိရှိရသည်။

ဆားဗွက်ချောင်းတံတားအနီးပျက်ကျခဲ့သော ဖြစ်စဉ်တွင် မင်းဘူူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းသည် အဆိုပါ ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ ထိမှန်ဒါဏ်ရာရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သော်လည်း ၈ နာရီ ၄၀ မိနစ်ခန့်တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် လေယာဉ်မှူးနှစ်ဦး ကျဆုံးပြီး ကျောင်းသူ တစ်ဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.