Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၃၄,၀၀၀,၀၀၀ ကျပ် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များသိမ်းဆည်းရမိ

ဖမ်းဆီးရမိသူ နှင့် အတူ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ အမျိုးသား(၃)ဦးအား လက်ခတ်လှေတစ်စီး နှင့် အတူ စိတ်ကြွဆေးပြား ၁၁၇,၀၀၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်) နှင့်အတူ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် နံနက် ၃း၄၅နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နတ်မြစ်အတွင်းလှည့်ကင်းဆောင်ရွက်စဉ် မြန်မာနိုင်ငံဘက်ခြမ်း ဦးစောလှကျွန်း မြောက်ဘက်အနီး၌ မသင်္ကာဖွယ်သစ်သားလက်ခတ် လှေတစ်စီး(အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး ဝ.၅ ပေခန့်)အား တွေ့ရှိရသဖြင့် လိုက်လံဖမ်းဆီးရာ မောင်တောမြို့နယ်၊ ဦးရှည်ကျကျေးရွာနေ ရော်ရှီးတာမောက်(၃၂)နှစ်၊ (ဖ)အိုလီယာမောက် အပါအဝင် အမျိုးသား ၃ ဦးအား WY/R စာတမ်းပါစိတ်ကြွဆေးပြား ၁၁၇,၀၀၀ (၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး၂၃၄,၀၀၀,၀၀၀ ကျပ်)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်း မူးယစ်(ပ) ၁၃/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် ၎င်းတို့သည့် မူးယစ်ဆေးဝါးများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.