ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အဆိုပြုစာတွဲ တင်သွင်းထားပြီးဖြစ်၍ နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (ICOMOS-International Council on Monuments and Sites) အဖွဲ့ မကြာမီလာရောက် စစ်ဆေး မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ဆွာချောင်းတမံ ရေပိုလွှဲကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ပျက်စီးသွားသည့် ရန်ကုန်-မန္တလေး လမ်းအဟောင်းကို ယနေ့ပြုပြင်ပြီး မော်တော်ယာဉ်များ ပြန်လည်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ) ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေ အနှစ်စာရင်းဝင် အထိမ်းအမှတ်တံဆိပ် စိုက်ထူခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေသည့် မိခင်များအား အားဖြည့်ကူညီခြင်း အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး လှုံ့ဆော်မှု အစီအစဉ်တစ်ရပ်ကို ယနေ့ ရန်ကုန်ပန်းချီပြခန်း တွင်ကျင်းပခဲ့သည်။
ဆွာမြို့၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းရေလှောင်တမံရေထိန်းနေရာ ကျိုးပေါက်ခဲ့ပြီး ရွာ(၂၀)ကျော် ရေနစ်မြုပ်မှုကြောင့် လူပေါင်း သောင်းချီ ယာယီပြောင်းရွှေ့ထားရကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သော ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင်း တရားမဝင် သစ် တန်၂၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် သီပေါမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မိတ္ထီလာစုကျေးရွာနှင့် ကန်စွန်းအင်း ကျေးရွာ ဆက်သွယ်ထားသော တံတားနှင့် ဝဲဒေါင့်ကျေးရွာနှင့် ဥယာဉ်စု ကျေးရွာ ဆက်သွယ် ထားသော တံတားများသည် ဖြူးချောင်းအတွင်းသို့ ရေစီးနှင့်မျောပါသွားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲ ကျိုးပဲ့ပြီး ရေကြီးမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ခေတ္တလမ်းပိတ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။