Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး၌ တရားမဝင်သစ် ၁၈တန်ကျော် ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်သစ်များအား တွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း အောက်တိုဘာ ၁၀ ရက်က တရားမဝင်သစ် ၁၈တန်ကျော် ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျွန်းတောရွာတောင်ဘက် (၁)မိုင်နှင့်အရှေ့တောင်ဘက်(၁)မိုင်ကွာနေရာတို့မှ တရားမဝင် ကျွန်းသစ် စုစုပေါင်း (၉၈)လုံး (၁၈.၇၅၂၀) တန် ဖမ်းဆီးရမိခဲ့ပြီးအဆိုပါ ဖမ်းဆီးရမိသစ်များနှင့်ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.