Connect with us

Science & Technology

၂၀၂၀ ပြည့်နှစ်တွင် အိမ်ထောင်စု တစ်သန်း LPG သုံးစွဲနိုင်ရန် ရည်မှန်း

လျှပ်စစ်နှင့် စွမ်းအင် ၀န်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးဌေးအောင် အမှာစကား ပြောကြားစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ရေနံဓာတ်ငွေ့ရည် (LPG) ကို ၂၀၂၀ ပြည့်နှစ် တွင် ကျေးရွာ များ အထိ ရောက်အောင် ဖြန့်ဖြူးသွားရန်နှင့် အိမ်ထောင်စု တစ်သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်း ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ယနေ့ပြောကြားခဲ့သည်။

“ LPG ကို ဈေးနှုန်းသက်သာစွာနဲ့ ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာစေဖို့ ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ လက်ရှိမှာ မန္တလေးတိုင်းဒေသကြီး မြို့သာ စက်မှုဇုန်မှ CSR Project အဖြစ် ကျေးရွာ ၂၂ ရွာကို ရေနံ ဓာတ်ငွေ့ရည် ဖြန့်ဖြူးပေးမယ့် LPG Pilot Project တစ်ခုကို ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက LPG ဖြန့်ဖြူးပေးခြင်းနဲ့ အခြား လိုအပ် ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါတယ်၊ ဒါ့အပြင် မိတ္ထီလာမြို့နယ် ရှမ်းတဲကျေးရွာအုပ်စုရှိ ကျေးရွာ ခုနစ်ရွာရှိ အိမ်ထောင်စု နှစ်ရာကို 4 KG LPG အိုးများနှင့် ဆက်စပ်ပါဝင်တဲ့ မီးဖိုများကို လှူဒါန်းပေးးခဲ့ပါတယ်” ဟု ၎င်းက ရှင်းလင်းဖြေကြားခဲ့သည်။

ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့် ရှင်းလင်း ဖြေကြားစဉ်။(ဆင်ဟွာ)

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ဒါရိုက်တာအဖွဲ့ဝင်(၄) ဦးအောင်ကျော်ဦး ဖြေကြားစဉ်။(ဆင်ဟွာ)

မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း MD ဦးသန့်စင် ဖြေကြားစဉ်။(ဆင်ဟွာ)

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

အဆိုပါ CSR လုပ်ငန်း ဆောင်ရွက်ထားသည့် LPG အိုးများအတွက် ရေနံ ဓာတ်ငွေ့ရည် စဉ်ဆက် မပြတ် ဖြန့်ဖြူးသွားနိုင်ရေး ဆောင်ရွက်ထားကြောင်း၊ LPG တွင်ကျယ်စွာ သုံးစွဲနိုင်သည်နှင့်အမျှ အကျိုး ကျေးဇူးများစစွာ ရရှိနိုင်သော်လည်း ဘေးအန္တရာယ်ကင်းစွာ ဖြန့်ဖြူး သုံးစွဲမှု၊ ဈေးကွက်၊ ဈေးနှုန်း အရည်အသွေးပြည့်မီ မှန်ကန်မှု စသည်တို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း၊ LPG ဆိုင်ရာ ဥပဒေ နည်းဥပဒေများ ရေးဆွဲနေဆဲ ဖြစ်ခြင်း၊ LPG သုံးစွဲမှုဆိုင်ရာ အသိပညာပေးမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်ဖို့ လိုအပ်နေခြင်း၊ LPG ထည့်သွင်း ဖြန့်ဖြူးနိုင်သည့် Filling Station များ နည်းပါးနေခြင်း၊ နေရာအနှံ့သို့ ပို့ပေးနိုင်သည့် စနစ် အားနည်နေခြင်းတို့ ရှိနေကြောင်း လည်း ၎င်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ LPG တစ်လတာ သုံးစွဲမှုမှာ ပျမ်းမျှ မက်ထရစ်တန် ခြောက် ထောင် ခန့်ရှိပြီး စက်ရုံများမှ တန် ၈၀၀ ခန့်သာ ဖြည့်ဆည်းနိုင်ကြောင်း၊ ကျန် လိုအပ်ချက်များကို ပုဂ္ဂလိက ကုအမ္ပဏီများက တင်သွင်း ဖြန့်ဖြူးပေးရာတွင် ကုန်းလမ်းမှ တန် ၃၀၀၀ ခန့် ရေလမ်းမှ တန် ၂၂၀၀၀ ခန့်တင်သွင်း ဖြန့်ဖြူးပေးလျက် ၇ှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.