Connect with us

Science & Technology

ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်း ၄၆ ရာခိုင်နှုန်း ပြီးစီး

-ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်း နှင့် တာဝန်ရှိသူများ စီမံကိန်းသို့ သွားရောက် စစ်ဆေးနေစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ အောက်တိုဘာ ၁၂ ရက်(ဆင်ဟွာ)

မတူပီ-ပလက်ဝလမ်း နှင့် ကျောက်တော်-ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသည် ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၄၆ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ကုလားတန်မြစ်ကူးတံတား (ပလက်ဝ)သည် အရှည် ၅၉၂ မီတာ၊ အကျယ် ၉ ဒသမ ၅ မီတာ နှစ်လမ်းသွား တံတား ဖြစ်ပြီး အပေါ် ထည်ပင်မတံတား Steel Truss၊ ချဉ်းကပ်တံတား Plate Girder & Box Girder၊ အောက်ထည်သံကူ ကွန်ကရစ်နှင့် အုတ်မြစ်မှာ သံကူ ကွန်ကရစ် Bored Pile ဖြစ်ပြီး ခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် မတ်လကုန်တွင် ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းသည် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) စီမံကိန်းသို့ အောက်တိုဘာ ၁၀ ရက်တွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး တံတားလုပ်ငန်း အရည်အသွေး ကို အလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ကိုလည်း အလေးထားဆောင်ရွက်ကြ ရန် မှာကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.