ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ နိဒင် IDP စခန်းအား အပြီးသတ် ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် လုံခြုံရေးအား ရွေးကောက်ပွဲမတိုင်မီ အကြိုကာလ ၊ မဲဆွယ်စည်းရုံး နေသည့် ကာလ ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလ နှင့် ရွေးကောက်ပွဲ ကျင်းပပြီးနောက် လုံခြုံရေးဟူ၍ ကာလ ၄ ခု သတ်မှတ် ဆောင်ရွက်...
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်နှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသူများထံ ထောက်ပံ့ရေးလုပ်ငန်းများ ဆက်လပ်ဆောင်ရွက်ပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းနှင့် မိုးမိတ်မြို့နယ်အတွင်း ငါးရက်အတွင်း ကျပ်သိန်းပေါင်း ၄၀,၀၀၀ကျော် တန်းဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး သွားရောက်ရန်အတွက် ယနေ့ နံနက် ၈နာရီခွဲတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စင်ကာပူသမ္မတနိုင်ငံသို့ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
ရန်ကုန်၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 Gate -3 တွင် သြဂုတ် ၁၈ ရက်နေ့ နံနက် ၉နာရီ ၅၅ မိနစ်က ငါးခြောက်ကြော်အထုပ်အတွင်းထည့်၍ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ထုတ်ပြန်သော သတင်းအရ သိရသည်.
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်နောက်(၄၈)နာရီအ တွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ဇူလိုင်လ အတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ဦးကျော်မြင့်ထွန်း (ခ) ဦးထွန်းလေး (တောဆင်ရိုင်းများ ကာကွယ်စောင့်ရှောက်ရေးသူရဲကောင်း) အဖြစ် ရွေးချယ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ရွှေဇားတံတားအနီး၌ သြဂုတ်လ ၁၇ ရက် ၇နာရီ ၁၀မိနစ်အချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၂,၇၆၆,၀၀၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၀၀/၂-၃)ကြား၌ ခိုင်ဦး(၄၃)နှစ်မောင်းနှင်ပြီး လူ၂၆ ဦး (ကျား ၁၆၊ မ ၁၀) လိုက်ပါလာသည့် 1N/xxxx “မျိုးဆက်သစ်” Express ခရီးသည် တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ပေါ်သို့ရောက်ရှိ တိမ်းမှောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ...