ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဌာန၌ သြဂုတ် ၁၃ရက် ညနေ ၆နာရီ ၄၃မိနစ်တွင် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) နိုင်ငံခြားငွေရောင်းဝယ်ရာတွင် ဗဟိုဘဏ် ၏ သတ်မှတ်ချက် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း အတိုး-အလျှော့ ဝ.၈ ရာခိုင်နှုန်း ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းအား ပယ်ဖျက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမှာစာ ထုတ်ပြန်ချက် ခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန် ကောင်းနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ ညနေ ၄ နာရီအချိန်တွင်...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လှည်းကူးမြို့နယ်၊ အမှတ် (၃) လမ်းဆုံအပိုင်းတွင် ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ က တိုယိုတာ ယာဉ်တစ်စီး တိမ်းမှောက်၍ ယာဉ်မောင်းသူ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေသည် ယင်းမြစ်၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်သို့ ရောက်ရှိနေသည်ဟု ယနေ့ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အောင်သာဒါန်းကျေးရွာတွင် ဩဂုတ်လ ၁၂ ရက် ၃ နာရီခွဲက ပင်လယ်ဒီရေ မြင့်တက်မှုကြောင့် ဆည်မြောင်းစွန့်ပစ်တာ (လယ်သမားတာ)သည် ပေ ၂၀ ခန့် တစ်နေရာနှင့် ပေ ၃၀ ခန့်တစ်နေရာ တာကျိုးပေါက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...
နေပြည်တော်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) တရားမဝင် သစ်နှင့် သစ်တောထွက် ပစ္စည်းများကို ကာကွယ်တားဆီးနိုင်ရေးအတွက် သစ်တော ပမာဏနှင့် ထိန်းသိမ်းရသည့် ဝန်ထမ်းအချိုး မျှတရန် လိုအပ်ချက်များ ရှိနေကြောင်း သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၂ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၊ ရွှေလီလမ်း၊မြကျွန်းသာလမ်း၊ မြကန်သာလမ်း၊ ယမုံနာလမ်း၊ ဇော်ဂျီလမ်း၊ ပန်းလောင်လမ်း၊ ကန်သာယာလမ်း၊ မေယုလမ်းတို့ရှိ နေအိမ် (၁၀၀၀)လုံးခန့်နေအိမ်များအတွင်းသို့ ရေများဝင်းရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ်များအတွင်းသို့ သြဂုတ် ၁၂ ရက် ၊ နေ့ လည်ပိုင်း အချိန်တွင် ပင်လယ် ဒီရေ မြင့်တက်မှု ကြောင့် ရေ ၅ ပေခန့်...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းရှိ ကင်ဆာဌာန၌ ယနေ့ ညနေ ၆နာရီ ၄၃မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သတင်းရရှိသည်။