Connect with us

Politics, Law & Military

ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဆို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တို့ တွေ့ဆုံဆွေးနွေးစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ တို့ တွေ့ဆုံဆွေးနွေးစဉ် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒေါ်ခင်စန်းလှိုင်နှင့်အဖွဲ့အား စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီ တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဇမ္ဗူသီရိခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် ပတ်သက်သည့်ကိစ္စရပ်များ ၊ mobile payment တွင် အကျုံးဝင်သော Card နှင့် အခြားနည်းလမ်းများဖြင့် ငွေပေးချေမှုများတွင် သုံးစွဲသည့်စနစ်ဆိုင်ရာ ကိစ္စရပ်များအား မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေနှင့်အညီ ကြပ်မတ်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ ကော်မတီမှလိုအပ်သည့် ကူညီပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မည့် အခြေအနေ များကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.