Connect with us

Politics, Law & Military

ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ တရားမဝင်ကုန်ပစ္စည်း ကျပ် ၅၃သန်းကျော်ဖိုး ဖမ်းမိ

အမြဲတမ်းစစ်ဆေးရေးစခန်းတို့၌ ဖမ်းဆီးရမိသော တရားမ၀င်ပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-ကြေးမုံ)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်းတို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက်တွင် ခန့်မှန်းတန်ဖိုးငွေ ၅၃သန်းကျော်ဖိုးရှိ တရားမဝင် ကုန်စည်များ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများ ကို စစ်ဆေးမှုပြုလုပ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု လေးမှု(ခန့်မှန်းတန်ဖိုးငွေကျပ် ၅ဝ ဒသမ ၃၂၃ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းက တားဆီးမှု သုံးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ဝ၈ဝ သန်းခန့်) စုစုပေါင်းတားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃ ဒသမ ၄ဝ၃ သန်းခန့်)ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ထူးခြားဖမ်းဆီးမှုအနေဖြင့် စက်တင်ဘာ ၂၄ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်စဉ် နံပါတ်မပါ MOLISA-125 ဆိုင်ကယ်တစ်စီးအား စစ်ဆေး ခဲ့ရာ ရောင်စုံဆပ်ပြာခွက်များအတွင်း ပလတ်စတစ်အိတ်ဖြင့် သိုဝှက်သယ်ဆောင် လာသော ဘိန်းဖြူအမှုန့် အလေးချိန် ၁၁ ဂရမ်ခန့်စီပါ ငါးခွက်(စုစုပေါင်း ၅၅ ဂရမ်ခန့်)နှင့် ပစ္စည်းသယ်ဆောင်သည့် ဆိုင်ကယ်တစ်စီး (စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁ ဒသမ ၁၉၅ သန်းခန့်)ကို တရားခံနှင့်အတူ စစ်ဆေးတွေ့ရှိ ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.