Connect with us

Environment, Disasters & Accidents

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ရထားနှင့် ထော်လာဂျီယာဉ် တိုက်မိမှုဖြစ်ပွား

ကျောက်ပန်းတောင်းမြို့နယ်၌ ရထားနှင့် ထော်လာဂျီယာဉ် တိုက်မိမှုဖြစ်ပွားစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ရထားနှင့် ထော်လာဂျီယာဉ် တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ ၁၅း၄၀နာရီ အချိန် ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်းဘူတာနှင့် အင်းတောကျယ် ဘူတာကြား မိုင်တိုင်(၃၅၇/၇-၆)ကြား တရားမဝင် မြေသား သံလမ်းကူး၌ ကျောက်များတင်ဆောင်လာသည့် ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်သော ထော်လာဂျီ ယာဉ် မှ ရထားသံလမ်းအား ဖြတ်သန်းမောင်းနှင်စဉ် အမှတ်(၁၀၆)အစုန် ကျောက်ပန်းတောင်း-တောင်တွင်းကြီး လူစီးလော်ကယ် ရထားစက်ခေါင်းနှင့် တိုက်မိခဲ့သဖြင့် ထော်လာဂျီမှာ ရထားစက်ခေါင်းရှေ့ ရထား သံလမ်းပေါ် ကန့်လန့်ဖြတ် ချိတ်ပါတိမ်းမှောက်ခဲ့ပြီး ရထားရပ်တန့်ခဲ့စဉ် ထော်လာဂျီယာဉ်မှာ ရှေ့မှန်ကွဲ၊ ယာနံရံ/ ဝဲနောက်ဘီး ပြုတ်ထွက်ခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့သဖြင့် ယာဉ်တိုက်မိ၍ ရထား လမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရာမှ ၁ရး၂၅ နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး အင်တောကျယ် ဘူတာရုံပိုင် ဦးကျော်ဝင်းနိုင်မှ တိုင်တန်း၍ ထော်လာဂျီ ယာဉ်မောင်း(စုံစမ်းဆဲ)အား ကျောက်ပန်းတောင်း မြို့မရဲစခန်း (ပ) ၃၀၅/၂၀၁၈၊ ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.