ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေကြရသူများထံ သဘာဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍ ချက်ချင်းတုန့်ပြန်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း အမျိုးသားသဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် ရေကြီး၊ ရေလျှံမှုများဖြစ်ပွားပြီး လမ်းများ ပိတ်ထားရသဖြင့် Myanmar National Airline မှ ရန်ကုန်- မော်လမြိုင်- ရန်ကုန် လေကြောင်း ခရီးစဉ် ပြေးဆွဲပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်ထိ မြင့်တက်လာသောကြောင့်ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး ယာယီပိတ်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့၌ ဇူလိုင် ၂၇ ရက်နေ့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုပြီး လမ်းလုပ်သားသုံးဦး မြေပိပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) မိုးများအဆက်မပြတ် ရွာသွန်းနေမှုကြောင့် မဒေါက်မြို့စစ်တောင်းမြစ်ရေသည် ဆက်လက်မြင့်တက်ကာ ရေကြီးရေလျှံမှုကြောင့် ရေမြုပ်နေအိမ် ၂၀၀ ကျော်ထိ တိုးလာပြီး ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေး စခန်းများသို့ပြောင်းရွှေ့ ပေးထား ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ သထုံခရိုင် ၊ ဘီးလင်း မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းကာ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေ အမှတ်ထက် ကျော်လွန် မြင့်တက်ကာ ကားလမ်းမ အထက် ရေ ၄ ပေ ခန့် မြင့်တက် လာမှုကြောင့် ယနေ့...
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ၂၀၁၈ အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းသည် ယနေ့ဇူလိုင် ၂၇ ရက်တွင် ပြိုင်ပွဲကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် မမုံစံပြကျေးရွာ မြောက်ဘက် တစ်မိုင်ခန့် အကွာ ဧရာရတနာ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ဟောင်း အတွင်း ဇူလိုင်၂၄ ရက်က ကမ်းပါးယံပြိုကျမှု ဖြစ်စဉ်ကြောင့် ပျောက်ဆုံးသူများထဲမှ ဇူလိုင် ၂၇ ရက်တွင် အလောင်း ရှစ်လောင်း...
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ( ၁၀ / ၂၀၁၈) ကြိမ်မြောက် အစည်းအဝေးတွင် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်း များအား ခွင့်ပြုမိန့် ( ၆ ) ခု နှင့် အတည်ပြုမိန့်...