Connect with us

Social

ရန်ကုန်-ပုသိမ်လမ်းမကြီး လမ်းအဆင့်မြှင့်တင်ခြင်းကာလ ပြီးဆုံးသည် အထိ လမ်းအသုံးပြုခ အခမဲ့ ဖြတ်သန်း ခွင့်ပြုမည်

လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများအား ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့ ကြည့်ရှု စစ်ဆေး နေစဉ်(ဓာတ်ပုံ-The Mirror Daily)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

ရန်ကုန်-ပုသိမ်လမ်းမကြီးကို အသုံးပြုသော ခရီးသွားပြည်သူများအား စက်တင်ဘာ ၉ ရက်မှစ၍ လမ်း အဆင့် မြှင့်တင်ခြင်း ကာလ ပြီးဆုံးသည် အထိ လမ်းအသုံးပြုခကို အခမဲ့ဖြတ်သန်းခွင့်ပြုမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ရန်ကုန်-ပုသိမ်လမ်းအား လမ်းဦးစီးဌာန ခရိုင်နှင့် အထူး အဖွဲ့များက မိုးဒဏ်ကြောင့် ပျက်စီးသွားသော လမ်းအပိုင်း အား လမ်းပေါက်များ ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု တို့ကို စက်တင်ဘာ ၈ ရက်တွင် ကြည့်ရှု စစ်ဆေးစဉ် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်း တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ပုသိမ်လမ်းမကြီးအား ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေ၊ လက်ရှိ မဆောင်ရွက်မီကာလအတွင်း လမ်းဦးစီးဌာနမှ ခရိုင်နှင့် အထူးအဖွဲ့များအား အပိုင်းလိုက် တာဝန် ပေးအပ်ကာ အဆင့်လေးဆင့်ဖြင့် စီမံချက်ရေးဆွဲပြီး ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များ၊ ပထမအဆင့် အနေဖြင့် လမ်းပေါက်များအား သွားလာမှုအဆင်ပြေစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရန်ကုန်-ပုသိမ် လမ်းမကြီးကို အသုံးပြုသော ခရီးသွားပြည်သူများအား စက်တင်ဘာ ၉ ရက်မှစ၍ လမ်း အဆင့် မြှင့်တင်ခြင်း ကာလ ပြီးဆုံးသည် အထိ လမ်းအသုံးပြုခကို အခမဲ့ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး အဆိုပါလမ်းပေါ်ရှိ တံတား ခြောက်စင်း အသုံးပြုခကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆက်လက်ကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပန်းတနော်-အိမ်မဲ-မြောင်းမြလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုများ ၊ မြောင်းမြ တံတားသစ် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ပြည်ထောင်စု ဝန်ကြီး နှင့် အဖွဲ့သည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြောင်းမြတံတားသစ် လုပ်ငန်းပြီးစီးမှုမှာBored Pile, Spun Pile နှင့် Pile Workလုပ်ငန်းများ ၁ဝဝ ရာခိုင်နှုန်းပြီးစီးလျက် P.C Composite Girder တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပြီး တံတား တစ်စင်းလုံး ပြီးစီးမှုမှာ ၅ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။(Xinhua)