Connect with us

Environment, Disasters & Accidents

တနသာၤရီတိုင်းဒေသကြီး ကျွန်းစု မြို့နယ်၌ ကုန်တင် စက်လှေ သောင်တင် နစ်မြုပ်မှု ဖြစ်ပွား

ကုန်တင် စက်လှေ သောင်တင် နစ်မြုပ်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ- Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တနသာၤရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မော်ခေါင်းတုံးကြပ် ချောင်းအနီး၌ ရွှေခရေ ကုန်တင် စက်လှေသည် စက်တင်ဘာ ၉ ရက်တွင် သောင်တင် နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှု အရ သိရသည်။

ရွှေခရေ ကုန်တင် စက်လှေတွင် ပိုင်ရှင် နှင့် လှေပဲ့နင်း အပါအဝင် ၄ ဦး တို့သည် စက်တင်ဘာ ၉ ရက်တွင် မြိတ်မြို့မှ ဘုတ်ပြင်းမြို့နယ် ရွှေဂဲညိုကျေးရွာသို့ ထွက်ခွာလာပြီး ကျွန်းစုမြို့နယ် မော်ခေါင်းတုံးကြပ် ချောင်းအနီး၌ လှေမှာ သောင်ငြိ၍ ကျောက်ချကာ ညအိပ်ရပ်နားခဲ့ရာ လှေအတွင်းသို့ ရေဝင်ပြီး လှေမှာနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကုန်တင် စက်လှေ နစ်မြုပ်မှုကြောင့် လှေပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆန် ၂၅၀ အိတ်၊ ဘိလပ် မြေ ၃၀ အိတ်ခန့် ရေစို ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လှေအား ဝိုင်းဝန်းဆယ်ယူပြီး မင်းခေါင်းဆေးကျေးရွာ အရှေ့ ဘက်ရှိ အလုပ်စခန်း၌ ခေတ္တထားရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117