Connect with us

Politics, Law & Military

အိန္ဒိယ နိုင်ငံ ၊ ပို့ဘလဲယားရှိ ယာယီထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာ ရေလုပ်သား ၁၁ ဦး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ

မြန်မာ ရေလုပ်သား ၁၁ ဦး နှင့် တာဝန်ရှိသူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ ရစဉ်(ဓာတ်ပုံ-MOFA)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကာလပြီးဆုံးပြီးနောက် ယာယီ ထိန်းသိမ်းရေး စခန်းများတွင် ရောက်ရှိနေသူ ရေလုပ်သားများ အနက် မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြု စိစစ်ပြီး မြန်မာ ရေလုပ်သား ၁၁ ဦးသည် မြန်မာနိုင်ငံသို့စက်တင်ဘာ ၉ ရက် ၊ ညပိုင်း အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည် ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသူများနှင့် ပတ်သက်၍ မြန်မာသံရုံး၊ နယူး ဒေလီ မြို့မှ အိန္ဒိယနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းပြီး ကောင်စစ်ဆိုင်ရာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရန်အတွက် အချက်အလက် များ ကောက်ခံခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး နိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုချက် ရရှိသူများ အား နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြည်ထဲရေး ဝန်ကြီး ဌာန၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနတို့အပြင် ကူညီလိုသည့် စေတနာရှင် များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုအတည်ပြု စိစစ်ပြီး မြန်မာ ရေလုပ်သား ၁၁ ဦးတို့သည် မြန်မာနိုင်ငံမှ စေတနာရှင်များ၏ လေယာဉ် စရိတ် ကျခံပေးမှုဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိ ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများမှကြိုဆို၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကောင်စစ်ရေးရာနှင့် ဥပဒေ ရေးရာ ဦးစီး ဌာနသည် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားရှိ Open Distress Camp တွင် ထိန်းသိမ်းခံရသူ ရေလုပ်သားများအား မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ၂၇၂ ဦး၊၂၀၁၇ ခုနှစ်တွင် ၁၃၃ ဦးနှင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၄၄ ဦးတို့အား ကူညီဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117