ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သောအဖွဲ့နှင့် Facebook မှ Vice President Mr. Simon Milner နှင့် အဖွဲ့တို့သည် ဇွန်လ (၅)ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအား ယနေ့ ပြည်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်မှု ပြုလုပ်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)တွင် ကျန်းမာရေးထောက်ခံချက်ရယူထားခြင်း မရှိဘဲ ဖြည့်စွက်စာများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများကို အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၌ သီးကုန်းကျေးရွာအနီး ချောင်းအတွင်းဖြတ်ကူးသူ ၇ ဦး ဖြတ်ကူးနေစဉ် ချောင်းအတွင်း မျောပါသွား ၍ တစ်ဦးအားပြန်လည်တွေ့ ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မူဆယ်မြို့နယ်၌ အက်ဆစ်ပေပါ အလုံး ၈၀ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) မြန်မာကျေးလက်ဒေသမှ အိမ်ထောင်စု ၄၀၀၀၀ကျော် ဆိုလာစွမ်းအင်သုံးစွဲနိုင်ရန်အတွက် SolarHome ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂သန်း ထပ်မံတိုးမြှင့်လိုက်ကြောင်း အဆိုပါ ဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ လျှပ်စစ်မီးမရရှိသေးသည့် ဒေသများကို လျှပ်စစ် ဓာတ်အား ဆက်သွယ်ပေးရန် ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာ၊ ထရန်စဖော်မာခွဲရုံများ တည်ဆောက်ရန် အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က...
ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန်လ ၇ ရက် (ဆင်ဟွာ) ပြည်ပမှ အဓိကတင်သွင်းနေရသောစက်သုံးဆီဈေးကွက်ကို ထိန်းချုပ်နိုင်ရန်အတွက် ရေနံဓါတ် ငွေ့ရည်ဖြစ် သော LPG ကိုမော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် လေ့လာ ပြင်ဆင်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန က ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။
နေပြည်တော်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ယာဉ်မတော်တဆမှုများကို ၂၀၂၀ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်ရန် ရည်မှန်းထား ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယနေ့ပြောကြားသည်။