ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် သြဂုတ် ၁၂ ရက်၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၃)ရပ်ကွက်၊ ရွှေလီလမ်း၊မြကျွန်းသာလမ်း၊ မြကန်သာလမ်း၊ ယမုံနာလမ်း၊ ဇော်ဂျီလမ်း၊ ပန်းလောင်လမ်း၊ ကန်သာယာလမ်း၊ မေယုလမ်းတို့ရှိ နေအိမ် (၁၀၀၀)လုံးခန့်နေအိမ်များအတွင်းသို့ ရေများဝင်းရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ အလှပ်ကျေးရွာ ကမ်းနားပိုင်းရှိ နေအိမ်များအတွင်းသို့ သြဂုတ် ၁၂ ရက် ၊ နေ့ လည်ပိုင်း အချိန်တွင် ပင်လယ် ဒီရေ မြင့်တက်မှု ကြောင့် ရေ ၅ ပေခန့်...
ရန်ကုန်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ) လသာမြို့နယ်၊ ရန်ကုန်ဆေးရုံကြီးဝန်းအတွင်းရှိ ကင်ဆာဌာန၌ ယနေ့ ညနေ ၆နာရီ ၄၃မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သတင်းရရှိသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် သုံးပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေကြောင်း ယနေ့ မွန်းလွဲ နှစ်နာရီခွဲ တိုင်းတာချက်အရ သိရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ် မိုင်းဟဲ ကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာအနီး၌ ကျပ်သိန်းပေါင်း ၇၈,၂၀၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို သြဂုတ် ၁၀ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) Myanmar Idol season 3 ၏ Grand Final တွင် ကျန်းမာရေးအရ လာရောက် ယှဉ်ပြိုင်ခြင်းမပြုနိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် Round 3 သီဆို မှု အပြီးတွင် ဆေးရုံမှ...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရန်ကုန်တက္ကသိုလ်ကို ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေး ဆောင်ရွက်နေမှုအား ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၁ ရက်နေ့တွင် လာရောက် လေ့လာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) မြန်မာတစ်နိုင်ငံလုံးသို့ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၁၄ဝ၉ ထုတ်လုပ်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မန္တလေးမြို့)ကို မန္တလေးတက္ကသိုလ်အတွင်း၌ ယနေ့ နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။