Connect with us

Education & Health

ရန်ကုန်တက္ကသိုလ်ကို ရေတိုရေရှည် စီမံကိန်းများချပြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ်ဆောင်

ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမအား တွေ့ရစဉ်(internet)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်တက္ကသိုလ်ကို ရေတိုရေရှည်စီမံကိန်းများချမှတ်ပြီး ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင် ၍ ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး တက္ကသိုလ်အဆင့် မြှင့်တင်နိုင်ရေးအတွက် ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိရာ ၂ဝ၂ဝ ပြည့်နှစ် ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပချိန်အထိကို ရေတို စီမံကိန်းအဖြစ်လည်းကောင်း၊ ၂ဝ၃ဝ ပြည့်နှစ်အထိကို ရေရှည်စီမံကိန်းအဖြစ်လည်းကောင်း ချမှတ်ရေးဆွဲ ထားကြောင်း သိရသည်။

ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး သင်ရိုးညွှန်းတမ်း များခေတ်မီရန်၊ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ရန်၊ အိုင်စီတီနည်းပညာကို တက္ကသိုလ်၏ အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေးနှင့် ပညာရပ်ဆိုင်ရာများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး စင်ထရယ်ယူရိုပီယန် ယူနီဗာ စတီ၏ အဓိက နည်းပညာပံ့ပိုးမှုဖြင့် ပညာရပ်ဆိုင်ရာ ပတ်ဝန်းကျင် တိုးတက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.