Connect with us

Politics, Law & Military

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားတွေ့ရစဉ် (ဓာတ်ပုံ--နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးပွဲတော် (မန္တလေးမြို့)ကို မန္တလေးတက္ကသိုလ်အတွင်း၌ ယနေ့ နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် လူငယ်များ ၏ စာပေစကားဝိုင်းကို မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းစာပေစကားဝိုင်းတွင် မန္တလေးမြို့အနီးတစ်ဝိုက်ရှိ တက္ကသိုလ်များမှ ကျောင်းသူကျောင်းသား နှစ်ဆယ်ကျော် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်က “စာပေကိုချစ်မြတ်နိုးတာက စာအုပ်ကိုချစ်မြတ်နိုးတာပဲ။ စာအုပ်မရှိရင် စာပေမရှိနိုင်ဘူး။ကိုယ့် အတွက် ၊ကိုယ့်နိုင်ငံအတွက် ဘယ်လို အကျိုးရှိနိုင်တယ်လို့ မြင်လဲ လို့ သိချင်ပါတယ်။ ဒါကြောင့် စာပေဘာကြောင့် မြတ်နိုးတယ် ဆိုတာ သိချင်တယ်။ ကောင်းတဲ့စာတွေဖတ်ခြင်းအားဖြင့် ကောင်းတဲ့စာတွေ ရေးနိုင်လာမယ်။ ကျွန်မတို့ နိုင်ငံမှာ စာအုပ်ဆိုင် တွေ လုံလုံလောက်လောက်မရှိဘူး။ စာကြည့်တိုက်တွေလုံလုံလောက်လောက်မရှိဘူး။’’ ဟုပြောကြားခဲ့သည်။

အဆိုပါ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ စာပေစကားဝိုင်းများ ကျင်းပခြင်း၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ မြန်မာ ကျပန်းစကားပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများ၊ လူငယ်ဆိုင်ရာ ဆွေးနွေးပွဲများ၊အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ ပညာပေးပြခန်းများ၊ စာအုပ်အရောင်း ပြခန်းများ ဟောပြောပွဲ များ နှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်ခဲ့သည်။

ထို့ပြင် ဝူရှူးအားကစားနည်းသရုပ်ပြခြင်း၊ ကျွမ်းဘားအားကစားနည်းသရုပ်ပြခြင်း၊ ကရာတေးဒိုအားကစားနည်း သရုပ်ပြခြင်း၊ တိုက်ကွမ်ဒိုအားကစားနည်းသရုပ်ပြခြင်း၊ ခြင်းလုံးအားကစားနည်းသရုပ်ပြခြင်း၊ Myanmar Fitness Dance သရုပ်ပြကစားခြင်းတို့ လည်း ပါဝင်ပြသခဲ့သည်။လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကို သြဂုတ်လ ၁၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.