ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြန်မြန်ဆန်ဆန်နှင့် မှုခင်းတွေကိုပြီးစီးအောင် ဌာနဆိုင်ရာအသီးသီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောသည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးလေဆိပ်၌ Yangon Airways လေကြောင်းလိုင်းမှ လေယာဉ် ၁ စီး ယာဘက် လေကာမှန်ကွဲအက်၍ ပြန်လည်ဆင်းသက်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန် သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကော်မတီ(၂)ခု ပူးပေါင်းအစည်းအဝေးကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ မြို့နယ် လေးခုတွင် ကြိုးကြာခေါင်းနီငှက်သိုက် များကို သုတေသနပြု မှတ်တမ်းတင် ခြင်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအုပ်စု(ခ) ဒုတိယနေရာ ဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီး အသင်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) မြဝတီ-ကော့ကရိတ်လမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် အတက်နှင့် အဆင်း ယာဉ်များ ထိန်းပြီးဖြတ်သန်းခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၁၈ – ၂၀၁၉ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးသီးနှံ စိုက်ပျိုးဧက ၇၁,၈၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများအား ဖြေရှင်းရာတွင် ပြစ်တင်ခြင်း၊ ဝေဖန်ခြင်းတို့သည် ပဋိပက္ခများအား ပြေလညအောင် ဆောင်ရွက်ရာ၌ အထောက်အကူမဖြစ်ကြောင်း UPDJC ဒုတိယ ဥက္ကဋ္ဌ ဦးကျော်တင့်ဆွေက ယနေ့နံနက် ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁ဝ ပြည့်ပွဲကို ကမ္ဘာ့စာပို့ တိုက်နေ့ဖြစ်သော အောက်တိုဘာ ၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ လေသေနတ် ၄ လက်နှင့် ခဲကျည်ဆံ ၁၉၂၀ တောင့် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။-