Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်း မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ မြို့နယ်၌ ကျင်းပ


ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်း(Peace Talk) အား ယနေ့သြဂုတ် ၉ ရက်တွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ မြို့နယ် ၊ ချောက်ကန် ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ၊ ငြိမ်းချမ်းရေး စကားဝိုင်းများ လုပ်ရသည့် ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေး ဆိုသည်မှာ တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည် ဆိုသည်ကို ပြည်သူ/သားများ သဘောပေါက်ရန် ဖြစ်ကြောင်း ၊ နိုင်ငံ၏ ငြိမ်းချမ်းရေးသည် အားလုံးနှင့် သက်ဆိုင်ကြောင်း ၊ အားလုံးက ငြိမ်းချမ်းရေး ရအောင် လုပ်ရန် တာဝန်များ ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်းအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar State Counsellor Office)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်း(Peace Talk) တွင် နည်းပညာ တက္ကသိုလ် ဒုတိယ နှစ် တက်ရောက်နေသူ မောင်ဇေယျာမင်း ၊ ပခုက္ကူ တက္ကသိုလ် ဂုဏ်ထူးတန်း ပထမနှစ် တက်ရောက်နေသူ မခိုင်သဇင် အောင် ၊ အရောင်းအဝယ် လုပ်ကိုင်သူ ဦးမြင့်ဝင်း ၊ ပညာရေး ကောလိပ် ဒုတိယနှစ် တက်ရောက်နေသူ မအိစံပယ်ဖြိုး ၊ ကိုင်းကျေးရွာ မှ တောင်သူ ဦးသက်ခိုင် ၊ ပခုက္ကူ တက္ကသိုလ် မဟာ ပထမနှစ် တက်ရောက်နေသူ မယမုံဖြိုး ၊ ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးကျော်နိုင် ၊ နည်းပညာ တက္ကသိုလ် တတိယနှစ် တက်ရောက်နေသူ မဖြိုးသီရိလွင် တို့ပါဝင်ခဲ့သည်။

ယခု ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်သည့် ပုဂ္ဂိုလ်များ အသီးသီး တစ်ဦးစီက ငြိမ်းချမ်းရေးကို မည်ကဲ့သို့မြင်သည်ကို သိချင်ကြောင်း ၊ ငြိမ်းချမ်းရေး ရအောင် မည်ကဲ့သို့လုပ်ရမည်နည်း ၊ မည်သည့် အတွက်ကြောင့် ငြိမ်းချမ်းရေးကို လိုအပ် သနည်း ၊ ယင်းတို့အား စုပေါင်း၍ စဉ်းစား စေချင်ကြောင်း ၊ ငြိမ်းချမ်းရေးသည် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး နှင့် မည်ကဲ့သို့ ဆက်နွယ်မှု ရှိသည်ဟု ထင်သနည်း ဆိုသည်ကို သိချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်းတွင် ပါဝင်သူများက ငြိမ်းချမ်းရေး အပေါ် အမြင် ၊ လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှု ၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေ အနေများ ၊ ကုန်စည် စီးဆင်းမှု နှင့် သီးနှံဈေးကွက် အခြေအနေများ ၊ စိုက်ပျိုးရေး အခြေအနေများ ၊ ပညာရေး ကဏ္ဍ အရေးပါမှု ၊ ငြိမ်းချမ်းရေး နှင့် စီးပွားရေး ၊ ငြိမ်းချမ်းရေး နှင့် လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေး စသဖြင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ အမြင်များအား တင်ပြခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူလူထုသည် ငြိမ်းချမ်းရေးဘက်မှ ရပ်တည်ရန် အင်မတန်မှ အရေးကြီးကြောင်း ၊ နိုင်ငံ တစ်နိုင်ငံ တိုးတက်ရန် ငြိမ်းချမ်းရေးသည် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး မရှိသည့် နိုင်ငံများသည် ဖွံ့ဖြိုး တိုးတက်မှုကို ရေရှည် မထိန်းသိမ်း နိုင်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတွင် ငြိမ်းချမ်းရေး တည်ဆောက်ချင်ပါက အားလုံး အပင်ပန်း ခံနိုင်ရမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး ရခြင်း အားဖြင့် ဆယ်စုနှစ်ပေါင်း များစွာ ဒုက္ခခံခဲ့ရသည့် ပြည်ထောင်စုသား ညီအကို မောင်နှမများကို ကူညီနိုင်မည် ဖြစ်ပြီး ၎င်းတို့၏ ဘဝများ လှပအောင် တည်ဆောက် ပေးနိုင်မည် ဖြစ်ကြောင်း ၊ ပြည်သူ/သားများ ငြိမ်းချမ်းရေးကို ပံ့ပိုးမှ ၊ ငြိမ်းချမ်းရေးကို တိုးတက်အောင် ဝိုင်းဝန်းပြီး လုပ်နိုင်မှ နိုင်ငံသည် မြန်မြန်ဆန်ဆန် တိုးတက် ဖွံ့ဖြိုး နိုင်မည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်းသို့လာရောက်ကြသည့် ပရိတ်သတ်များ နှင့် အွန်လိုင်းမှ ကြည့်ရှုနေသူများအနက်မှ ၃ ဦးစီက သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စ ၊ စက်မှု လုပ်ငန်းများ ကိစ္စ နှင့် ပခုက္ကူ အဝေးပြေး ကားဝင်း အသစ် တည်ဆောက်ပေးရေး ၊ ပြည်သူများဘက်မှ ပြည်တွင်း ငြိမ်းချမ်းရေးအား ပံ့ပိုးကူညီနိုင်မည့် အခြေအနေ စသည်တို့အား တင်ပြ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။(Xinhua)