ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်၊ မြဝတီမြို့၌ အမေရိကန်ဒေါ်လာ ၁၆၁,၂၉၀၊ ယူရိုငွေ ၄၃၅၀ နှင့် ယန်း ၁၃,၁၇၀,၀၀၀ တို့ ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို မေ ၁၆ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ...
နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ) မြန်မာ့ ငါးလုပ်ငန်း ဦးစီးဌာနသည် ၂၀၁၇ -၁၈ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း ကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းစိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က မေ ၁၆ ရက်က အမျိုးသား လွှတ်တော်တွင် ဖြေကြားခဲ့သည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံအားကောင်းလာစေရန် Mobile Medical Team ဖြင့် ကျေးရွာများသို့ အလှည့်ကျ ကွင်းဆင်းဆောင်ရွက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်းလျှပ်စစ် ပစ္စည်းနှင့် ဆားဗစ်စင်တာရှိ စတိုနှင့် အိမ်သာခန်းအပေါ်တွင် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ် ၂ ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်း (အလယ်ဘလောက်)ရှိ ဆမ်ဆောင်း ဆားဗစ်စင်တာသည် ယနေ့ နေ့လည် ၂နာရီ ၅၀မိနစ်တွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း အရည်အသွေးဆိုင်ရာ စံချိန်စံနှုန်းမမီသည့် ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်းများအား ပြုပြင်စေခြင်း၊သတိပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် အလျှောက် လိုက်နာမှုမရှိပါက လုပ်ငန်းအား အပြီးတိုင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ ဒဂုံတောင် စက်မှုဇုန်တွင် ရှေ့ပြေးစီမံချက် အနေဖြင့် စတင်ဆောင်ရွက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန်ငွေစက္ကူအတု ၃၀၀ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရွာသာကြီးရပ်ကွက်၊ သုံးခွရပ်ကွက်နှင့် လေးထောင့်ကန်ရပ်ကွက်များတွင် ဂရန်များချပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းခဲ့သည်။